ငါပါရီကိုရောက်တော့
ဆောင်းညက ကြမ်းရှနေပြီ...
ဗင်းဆင့်ကိုမတွေ့ရတော့ဘူး
ဂေါ်ဂင်က တဟေတီကိုထွက်သွားပြီ
ရိုဒင်က ငရဲပြည်သို့ဝင်ထွက်ရာတံခါးကနေ
နပိုလီယန်ကို မောင်းထုတ်မယ်ဆိုတာကြီးပဲ....
မိုးနေးက အဆုတ်ရောဂါနဲ့အိပ်ရာထဲလဲလို့
ဗာဆိုင်းနန်းတော်ခြေရင်းမှာ
မအောင်မြင်သေးတယ့်ပန်းချီဆရာတွေ
သူတို့ပန်းချီကားကို
ကော်ဖီခွက်တွေနဲ့လဲသောက်နေရတုန်းပဲ
ဆောင်းဝတ်ကုတ်အင်္ကျီအရှည်ကြီးတွေဟာ
သူတို့အိပ်ရာပေါ့...
၁၈ရာစု၊ ၁၉ရာစု၊ ၂၀ရာစု
တတိယထောင်စုနှစ်
အနုပညာသမားတွေဟာ
ရူးသွပ်မှုဒီဂရီတူတယ်
ဒုက္ခနဲ့ဒဏ်ရာတူတယ်....။
ငါတို့အနုပညာကိုလူတွေနားလည်ဖို့
နောက်ထပ်အနှစ်နှစ်ရာ
ဘုရားသခင်နားလည်ဖို့
ကပ်ကမ္ဘာခုနှစ်ခု
ဒါတောင်မှလုံလောက်ပါ့မလား....
ခံစားမှုသစ်ရင်အနုပညာသစ်မယ်
ခံစားမှုစစ်ရင်အနုပညာစစ်မယ်
အငြင်းပွားဖွယ်ရာတွေကို
အငြင်းပွားမနေကြနဲ့
နှင်းမုန်တိုင်းစဲရင်
ရောက်မလာသေးတဲ့ရာစုနှစ်တွေကို
ဗာဆိုင်းရင်ပြင်ပေါ်မှာ
ပန်းချီဆရာတွေကြိုတင်ရေးဆွဲလိမ့်မယ်....။
မိုးလှိုင်ည
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
အစိုးရကိုယ်၌ ကသောင်းကနင်းနှင့် အဓိပ္ပါယ်မရှိ ဖြစ်နေလျှင်၊ မကူညီဘဲ စိုးမိုးအုပ်ချုပ်နေလျှင်၊ ဦးမဆောင်ဘဲ အမိန့်များသာပေးနေလျှင်၊ဤ...
-
သာမန်နေ့လေးတစ်နေ့ပါပဲ ငါမွေးလာတော့ … အဲဒါ ငါ့မွေးနေ့ဖြစ်လာတယ်… တချို့တွေသေဆုံးသွားတော့ အဲဒါဟာ ဈာပနနေ့ဖြစ်လာတယ်… ငါက မွေးနေ့ပွဲလ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
အကိုမိုးလှိုင် ကဗျာလာဖတ်တယ်ဗျ။ အားလုံးအဆင်ပြေပါစေဗျာ :)
ReplyDeleteကိုမိုးလိုင် ဒီကဗျာလေး အရမ်းကောင်းတယ် ။ ကိုသူရနီ ကဗျာလည်း ကောင်းတယ်။ တင်ပေးတာအတွက်ကျေးဇူးပဲ။
ReplyDelete