Friday, November 28, 2008

တံခါးတွေမှာ မျက်နှာထားနဲ့

တံခါးတွေမှာ မျက်နှာထားတွေရှိတယ်

တံခါးတွေက

ဘယ်သူ့ကိုဘယ်လိုဆက်ဆံရမယ်ဆိုတာသိတယ်

တံခါးတွေက

လူမျိုးရေးခွဲခြားတယ်

တံခါးတွေက

အဆင့်အတန်းခွဲခြားတယ်

တံခါးတွေက

လိင်အမျိုးအစားခွဲခြားတယ်

တံခါးတွေမှာ

စာတန်းအမျိုးမျိုးကပ်ထားတယ်

ဥပမာ- ပွဲစားမ၀င်ရ

တာဝန်ရှိသူများသာ

ဥရောပသားများကလပ်

စသည်ဖြင့်ပေါ့လေ…

တံခါးတွေက

ဟန်ကောင်းရင်ပိုက်ဆံမတောင်းဘူး

ဘယ်သွားမှာလည်းလို့

ဆေးရုံတံခါးက ခပ်မာမာမေးတယ်

တွေ့ခွင့်မရဘူးလို့ တံခါးတစ်ခုက

လေသံမာမာနဲ့ပြောတယ်

ဂုဏ်သရေရှိလူကြီးမင်းများအတွက်သာလို့

တံခါးတစ်ချပ်ကမာန်တက်နေတယ်…

တချို့တံခါးတွေက

အလှုခံခြင်းသီးခံပါတဲ့

တချို့တံခါးတွေက

မားကက်တင်းများမလာရတဲ့

တံခါးတစ်ချပ်ကတော့

တံခါးမခေါက်ရတဲ့..

မျက်နှာထားကရှစ်ခေါက်ချိုးနဲ့….


မိုးလှိုင်ည

5 comments:

  1. တံခါးနောက်ကွယ်က လူတွေရဲ့ စိတ်ထားပေါ်မှာ မူတည်ပြီး တံခါးတွေရဲ့ မျက်နှာထားက အမျိုးမျိုး ဖြစ်နေတာပါ။
    ကဗျာတစ်ပုဒ်ကနေ အတွေးတစ်မျိုးစီ ပေးနိုင်တယ် ကိုမိုးလှိုင်ရေ...

    ReplyDelete
  2. ဟုတ်တယ်ဗျာ... အတွေးလေးကောင်းတယ်...

    ReplyDelete
  3. ဘာလင်တံတိုင်းကြီးပြိုသလို ဒီတံခါးတွေ အားလုံး ပြိုကျမယ့်နေ့က ဘယ်တော့လဲ။ အတွေးထဲမှာတောင် တံခါးတွေက ဆရာကြီးအထာနဲ့ မတူသလို မတန်သလို "အခွင့်မရှိ မ၀င်ရ" လို့ အော်ဟစ်ပြီး မျက်လုံးတွေ ၀င့်နေချင်သေးတာ။

    ReplyDelete
  4. ဟုတ်ပ့ါ...ကိုမိုးလှိုင်ရေ

    အော် တံခါးတွေ တံခါးတွေ။
    ငယ်ငယ်တုန်းက ရပ်ကွက်ထိပ်က

    “ အမိန့်ရ အပေါင်ဆိုင် ” ဆိုတဲ့ တံခါးကို
    အမုန်းဆုံးပဲ။ လာလိုက်ကြတဲ့လူတွေ
    မျက်နှာက ဝေဒနာသည်တွေလို့း(

    ReplyDelete
  5. တချို့တံခါးတွေက မင်းတစ်ယောက်သာတဲ့ အဲ့တံခါးမျိုး
    မြင်ဘူးလား တကယ်ရှိတယ်..အပြင်မှာ

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...