Friday, November 7, 2008

နွေရာသီရဲ့တံစက်မြိတ်

နွေရာသီရဲ့ တံစက်မြိတ်မှာ

ချစ်သူရေ

ငါ့ကိုယ်ငါ ပြန်ငတ်နေရတာကြာပြီ…

အရင်က

ကဗျာအများကြီးရေးဖူးတဲ့လက်

တုန်ရီလှိုက်မော…

လူ့ဘ၀ဆိုတာကို ငါဘယ်လိုပြောထွက်ရမလဲ

ချစ်တတ်သေးတယ်…

ချစ်နေသေးတယ်…

အဲဒီစကားနှစ်ခွန်းနဲ့ ငါ့ကိုယ်ငါပြန်ရှာဖွေနေရတယ်

ကဗျာတွေရေးမထွက်တော့ဘူး

ကမ္ဘာကြီးကိုလည်း မမေးရက်တော့ဘူး

လူတွေအားလုံးက စစ်ပွဲထဲမှာ

လူတွေအားလုံးက မုန်တိုင်းကြောင့်ဆုံးပါးကုန်ပြီ

လူတွေအားလုံးက ငလျင်ဒဏ်ပိလို့

လူတွေအားလုံးက စီးပွားပျက်လို့

ကလေးငယ်တွေ

ဒုက္ခသည်တွေ

သက်ကြီးရွယ်အိုတွေ

ကန္တရတွေပိုပိုပြီးကျယ်ပြန့်လာတယ်

နွေရာသီရဲ့ တံစက်မြိတ်မှာပဲ

ငါ့စိတ်ကူးတွေရှော့ပင်းမောလိုဖွင့်လှစ်

ငါ့ကဗျာတွေဟာ ကမ္ဘာကြီးအတွက်

အိုအေစစ်လေးဖြစ်ချင်ခဲ့ပေါ့…ချစ်သူရယ်…။

မိုးလှိုင်ည

4 comments:

  1. နွေရာသီရဲ့ တံစက်မြိတ်မှာ
    ခိုတွဲနေတဲ့ မိုးရေစက်လေးလဲ
    နေရောင်ခြည်နဲ့တွေ့တော့
    ကန္တာရထဲကို
    ရွာချခဲ့ပေါ့…

    ကဗျာခေါင်းစဉ်လေးကို သဘောကျလို့ ကဗျာစပ်ကြည့်လိုက်တာ ကိုမိုးလှိုင်ရေ…။

    ကမ္ဘာကြီးကို မမေးရက်ပေမယ့် ကဗျာတွေတော့ ရေးထွက်နိုင်အောင် ကြိုးစားပါနော်…တစ်နေ့တစ်ခြား ပို ပိုကျယ်ပြန့်လာတဲ့ ကန္တာရ နှလုံးသားတွေအတွက် ကဗျာဆိုတာ အသက်ကယ်ဆေးတစ်ခွက်ပါပဲ။

    ReplyDelete
  2. ကဗျာလေး ဖတ်သွားတယ်။ ကဗျာတွေ များများရေးထွက်ပါစေ။

    ReplyDelete
  3. အကိုရေးတဲ့ကဗျာတွေဟာ ကမ္ဘာကြီးအတွက်မဟုတ်ခဲ့ရင်တောင်မှ ကဗျာမြတ်နိုးသူတွေအတွက်တော့ အိုအေစစ်လေးတစ်ခုပါပဲဗျာ

    ReplyDelete
  4. နင်က အိုအေစစ်ဖြစ်ချင်တယ်
    ငါက ရေတွင်းပျက်လေး တစ်ခုတော့ဖြစ်ချင်တယ်
    အိုအေစစ်လို မအေးမြခဲ့ရင်တောင်မှ
    ရေငတ်နေသူတွေအတွက် အသုံးဝင်ခဲ့ရင် ရပါပြီ

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...