Tuesday, July 15, 2008

တတိယတန်းစားအသင်း

အပွဲပွဲနွဲခဲ့သလို
အပွဲပွဲလွဲခဲ့တယ်…
ရနေကျအဖြေမျိုးတွေ
(ကန်နေကျခြေမျိုးတွေနဲ့)
ဒဏ်ရာရကစားသမားတွေ
ကွင်းဘေးပတ်လည်ကငေးရသလို
လူငယ်ခြေတက်တွေလည်းခဏခဏဖြတ်ထိုးခံနေရ…
ငါတို့ဘ၀တွေ
အန္တရာယ်ဇုံက မကျွတ်လွတ်သေး
တိုင်ထိပြီးပြန်ထွက်လာတဲ့
ကန်ချက်တွေကိုပဲဂုဏ်တက်ထားရမှာလား
အိမ်ကွင်းကစားသမားတွေကပွဲကျပ်နေတယ်
အဝေးကွင်းကစားသမားတွေကခြေပျက်နေတယ်…..
အသင်းပြောင်းကစားဖို့ကလည်း
ငါတို့က ငယ်မွေးခြံပေါက်
(ညစ်ကျယ်ကျယ်ဒိုင်လူကြီးကို)
နဖူးနဲ့တိုက်ရမလား
ချွှင်းဂန်းနဲ့ ထွေးရမလား
အ၀တ်လဲခန်းထဲကဗီရိုကို
ဆဲဆိုကန်ကျောက်
နောက်တစ်ခေါက်ကွင်းထဲပြန်ရောက်ချိန်
ငါတို့ဟာအောင်ပွဲကိုပိုမိုဆာလောင်လို့….။

မိုးလှိုင်ည

3 comments:

  1. ကဗျာလေးက ကောင်းလွန်းလို့
    ဘာရေးရမလဲ မသိဘူး...
    ဝါးပြီးသား ချွင်းဂန်း ပြန်ကျွေးလိုက်..း)

    ReplyDelete
  2. အကိုရေ သည်ကဗျာကိုတအားကြိုက်တယ်ဗျာ။ ကဗျာကောင်းတွေအများကြီး ဆက်လက်ရေးဖွဲ့နိုင်ပါစေဗျာ ..

    ReplyDelete
  3. ဟုတ်ပါ့ ။ လုံးဝ မိုက်တယ်။
    ကောင်းတယ်ဗျာ

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...