Wednesday, July 9, 2008

ပန်းချီဆွဲခြင်း

နံရံပေါ်ကအရိပ်မှာ
အပြာရောင်ထပ်မဖိတ်စေနဲ့
စိတ်ကိုအလျားလိုက်ချထားလိုက်
ထောင်လိုက်မျဉ်းမတ်တစ်ကြောင်း
ဘ၀တစ်ခုရဲ့ထောင်ကျဉ်းတစ်ခုမှာ
အစွဲအလန်းအမာရွတ်တွေကိုစုပုံထားလိုက်
မယုံကြည်တာကိုဘာကြောင့်မှမလုပ်ဘူး
မျှားဖူးတဲ့အိပ်မက်တစ်ချို့ကို
စက္ကူလှေပုံစံညှပ်
ပန်းချီကားထဲထည့်ကပ်ထားလိုက်
ကောင်းကင်ကိုပက်လက်လှန်လိုက်ရင်
ဒါပင်လယ်ပဲ
ခဏခဏမော့ကြည်နေရတာမောတယ်
ကြယ်မျောတွေလိုက်ဆယ်နေတဲ့
ကလေးတစ်သိုက်ကို
စိတ်ကူးကာအင်္ကျီတွေဝတ်မပေးပါနဲ့
ဒါပန်းချီကားပါ
လူ....
ဆိုတဲ့နာမည်ဘယ်သူမှလာမပေးနဲ့.....။


မိုးလှိုင်ည

1 comment:

  1. ကိုမိုးလှိုင်ရေ…
    ဆုဝေလဲ စိတ်ကူးတွေနဲ့ ပန်းချီဆွဲကြည့်ဦးမယ်…ငယ်ဘ၀က အိပ်မက်တွေ၊ ယုံကြည်ချက်တွေကို မျှော်လင့်ချက်စုတ်တံလေးနဲ့ အပြာရောင်ကင်းဗတ်စပေါ်မှာ စိတ်ကူးပန်းချီလေးဆွဲပြီး နှလုံးသားနံရံထဲမှာ ချိတ်ထားလိုက်မယ်။
    ကောင်းကင်ကို ပက်လက်လှန်လိုက်ရင် ပင်လယ်ဆိုတော့ ပင်လယ်ကို ပြန်မှောက်လိုက်ရင်ရော ကောင်းကင် ပြန်ဖြစ်နိုင်လားဟင် 
    ကောင်းကင်ကြီးကို မော့ကြည့်ရတာ မောတယ်ဆိုပေမယ့်လဲ အဲဒီလို မော့ကြည့်နေရတာကိုပဲ မက်မောနေမိတာ ဘာဖြစ်လို့လဲ မသိဘူးနော်…။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...