Friday, July 25, 2008

စည်းအပြင်က စနေညအတွက် နှစ်ချို့ကော်ဖီတစ်ခွက်

စနေ

ငါတို့အတွက်တော့

ဦးညွှတ်ပေးရတဲ့အနုပညာ..

မင်းကြွချီလာတဲ့လမ်းမှာ

လူဗလာတွေလက်ပန်းပေါက်

ခြေကြောက်ပြောရော့မယ်...

မလိုပါဘူး….

အနုပညာစစ်စစ်ကလွဲရင်

လူ့ဘ၀မှာဘာမှမလိုဘူး

စောက်ရူးကိုဘုရားထူးပြီး

လူလူချင်းမူးရမ်းရဲယုံနဲ့တော့

ကိုယ့်စိတ်ကိုယ်လုံခြုံပြီလို့ထင်ချင်သူများအတွက်

တရားလည်းရှိတယ်….

ဓားလည်းရှိတယ်….

ရဲရင်ထွက်ခဲ့လေ…

ဝိဥာဉ်ချင်းရိုက်ခွဲ…

အသက်ချင်းလဲကြည့်ကြတာပေါ့…

သမိုင်းမရှိရင်တော့…

မင်းအပြစ်နဲ့မင်းခံ…

ငရဲလမ်းဆိုလည်းနောက်မလှည့်ကြေးလေ….။

မိုးလှိုင်ည

3 comments:

  1. မိုက်ပ
    ကိုဖြိုးဆီမှာလဲ ဖတ်ခဲ့ပြီ :)
    မစနေနဲ့ ကဗျာဆရာနဲ့ စည်းအပြင်ကလူနဲ့
    အနုပညာကိုယ်ခံအားတွေကဖြင့် တောင့်တင်းကြံ့ခိုင်လှပါရဲ့ဗျားး။
    စာပေရောင်းရင် ၃ဦး အဆင်ပြေပျော်ရွှင်ပါစေခင်ဗျား

    ReplyDelete
  2. ဘာလဲအေ့ ညည်းတို့နှစ်ကောင်
    ချောက်ချတာလား
    မပြောမဆိုနဲ့ လူကိုအံ့သြအောင်လုပ်တယ်
    ဘာပဲဖြစ်ဖြစ်.... ကဗျာအတွက်
    ကျေးဇူး ဟုတ်တီးတီးတင်ပါတယ်း)

    ReplyDelete
  3. ဘာမှ မလဲဘူးအေ့ ... ညည်းတို့နှစ်ကောင်က ချောက်ချတယ်ဆိုတာ သိုင်းကျမ်းအသစ်ကို တွေကအောင်ဖန်တီးပေးတာအေ့ ... ၀ိညာဉ်ချင်းရိုက်ခွဲမယ်ဆိုတာချည်းပဲ ... ဟဲ ... ဟဲ ... သားသားကြောက်ကြောက်နော် ...
    ကိုဖြိုး

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...