Monday, April 23, 2007

သို့...ဖေဖော်ဝါရီ

ဖေဖော်ဝါရီရေ
ငါကအောက်တန်းကျပါတယ်ကွာ
မင်းရဲ့ခြေဖမိုးလေးတွေကိုခိုးနမ်းချင်တဲ့စိတ်
အိပ်မက်ထဲမှာတောင်ဖြေသိမ့်လို့မရဘူး
အိတ်ကပ်ထဲမှာငွေတစ်ထောင်မပြည့်တတ်ပေမဲ့
ချစ်သူကိုတော့ပြင်သစ်ကော်ဖီမှတိုက်ချင်ခဲ့တာ
ဘ၀ကိုသရုပ်မှန်ဝါကျတစ်ကြောင်းနဲ့ရေးပြရင်
ငါမကောင်းဘူးဆိုတာထက်
ဘာထပ်မံဖြည့်စွက်ဖို့လိုအပ်မလဲ
ဘ၀ကိုအကြိမ်ကြိမ်ငြီးငွေ့ခဲ့ပေမဲ့
မင်းကိုချစ်တဲ့ကိလေသာနှောင်ကြိုးနဲ့တင်
ငါဆက်လက်အသက်ရှင်ခွင့်ရချင်ခဲ့တယ်
ခွင့်လွှတ်ပါဖေဖော်ဝါရီ
ဒီကဗျာကိုငါမရေးသင့်ပေမဲ့
မင်းအကြောင်းမပါရင်ငါကဗျာဖွဲ့လို့မရဘူး
ငါဟာမအောင်မြင်တဲ့အရူးတစ်ယောက်ပါ
ခွင့်လွှတ်တော့ဖေဖော်ဝါရီ...။

မိုးလှိုင်ည

1 comment:

  1. ဟက်ထိတယ် ... မင်းရဲ့ ဖေဖော်ဝါရီလေးကတော့ ဘယ်လိုနေမယ်မသိဘူး ...

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...