အမေ့ရဲ့ မျက်ရည်တွေအောက်မှာ
ကျွန်တော်ကြောက်တဲ့ လောကဓံရှိတယ်....
ဆန္ဒတွေ ရင်ကြားစေ့ဖို့ ကျွန်တော် ခရီးတွေထွက်ရလိမ့်မယ်
လောဘတွေ မဆုံးနိုင်သေးတော့
၃၁-ဘုံမှာ လူးလာခေါက်ပြန်
အိပ်မက်တွေက ရိုမန်တစ်ဆန်တယ်....။
ကျွန်တော်သိတဲ့ အကြောင်းအရာများစွာထဲက
အမေ့အပေါ် ကျွန်တော်မကောင်းတဲ့အကြောင်း
ကျွန်တော့်ကိုယ် ကျွန်တော် ကောင်းကောင်းသိတယ်....
အမေ့ရဲ့ နို့ရည်စွမ်းအားနဲ့
ကမ္ဘာမြေကြီးကို ထမ်းပိုးထားတဲ့ တစ်နေ့မှာပဲ
ကြွေးဟောင်းတွေ အလီလီထပ်နေတဲ့
သားမိုက်တစ်ယောက်ရဲ့ အပြန်လမ်းဟာ
မောပန်းနေတဲ့ အမေ့အတွက်
သီတာရေကြည် မဖြစ်ထိုက်တော့
အခုသား အမေ့ရှေ့မှာ လက်ပိုက်နေပြီ
သားကို ရိုက်ပါအမေ....။
မိုးလှိုင်ည
(သောင်းပြောင်းထွေလာမဂ္ဂဇင်း ၂၀၀၅ခုနှစ် သြဂုတ်လ)
Saturday, May 9, 2009
အမေ
ဘ၀မှာ စိတ်ချရတဲ့ နာမ်တရားတစ်ခုကိုပြပါဆိုရင် အမေ့မေတ္တာတရားကို ကျွန်တော်ပြောပြမိမှာပါ...။
ကျွန်တော်တို့ ဟာ သိမှုကင်းမဲ့နေတဲ့ အချိန်ကာလတွေမှာတောင်အမေ့မေတ္တာတရားကိုခံစားရရှိနေပါတယ်..။
ဆိုကြပါစို့ ... ကျွန်တော်တို့ ဟာ အမေ့ဝမ်းကြာတိုက်မှာ သားလောင်းဘ၀နဲ့ခိုအောင်းနေစဉ် ကာလကတည်းက အမေ့ မေတ္တာတရားကို လက်ခံရရှိနေတာပါ... ဘ၀မှာ မိဘမဲ့ကလေးဖြစ်ေ်နနိုင်ပါတယ်...။ အဖေမပေါ်တဲ့ ကလေး ဖြစ်နေနိုင်ပါတယ် ... အဲဒီကံဆိုးမှုကြားကမှ
ကျွန်တော်တို့ဟာ အမေ့မေတ္တာတရားကို လုံးဝမရရှိနိုင်တဲ့ကလေး မဖြစ်နိုင်ပါဘူး... ဘာကြောင့်
လည်းဆိုတော့ ကျွန်တော်တို့ အခု အသက်ရှိနေကြပြီလေ...။ကျွန်တော်မှာ ရှိခဲ့တဲ့ အမေ့အတွက်
ကျွန်တော်ကဗျာဖွဲ့တယ် ကမ္ဘာပေါ်မှာရှိနေတဲ့ အမေ့အတွက် ကျွန်တော် ကဗျာရေးတယ်...
မိခင်စိတ်ဆိုတဲ့ ကလေးမွေးဖူးတဲ့အမျိုးသမီးတွေသာရနိုင်တဲ့ သန့်စင်မွန်မြတ်တဲ့ စိတ်ခံစားမှုကို
ဦးညွှတ်လေးစားရင်း... မေလ ဒုတိယပတ် ဆန်းဒေးမှာ အမေအတွက်ကဗျာတွေကို စုစည်း
တင်ဆက်ရင်း... ကဗျာဆရာတွေ အမေ့ကို ဘယ်လိုဖွဲ့ကြသလည်းဆိုတာ...
www.mompoem.blogspot.com မှာ ဆက်လက်ဖတ်ရူနိုင်ပါတယ်ခင်ဗျာ…
အမေ့ကို ချစ်တဲ့
မိုးလှိုင်ည
ကျွန်တော်တို့ ဟာ သိမှုကင်းမဲ့နေတဲ့ အချိန်ကာလတွေမှာတောင်အမေ့မေတ္တာတရားကိုခံစားရရှိနေပါတယ်..။
ဆိုကြပါစို့ ... ကျွန်တော်တို့ ဟာ အမေ့ဝမ်းကြာတိုက်မှာ သားလောင်းဘ၀နဲ့ခိုအောင်းနေစဉ် ကာလကတည်းက အမေ့ မေတ္တာတရားကို လက်ခံရရှိနေတာပါ... ဘ၀မှာ မိဘမဲ့ကလေးဖြစ်ေ်နနိုင်ပါတယ်...။ အဖေမပေါ်တဲ့ ကလေး ဖြစ်နေနိုင်ပါတယ် ... အဲဒီကံဆိုးမှုကြားကမှ
ကျွန်တော်တို့ဟာ အမေ့မေတ္တာတရားကို လုံးဝမရရှိနိုင်တဲ့ကလေး မဖြစ်နိုင်ပါဘူး... ဘာကြောင့်
လည်းဆိုတော့ ကျွန်တော်တို့ အခု အသက်ရှိနေကြပြီလေ...။ကျွန်တော်မှာ ရှိခဲ့တဲ့ အမေ့အတွက်
ကျွန်တော်ကဗျာဖွဲ့တယ် ကမ္ဘာပေါ်မှာရှိနေတဲ့ အမေ့အတွက် ကျွန်တော် ကဗျာရေးတယ်...
မိခင်စိတ်ဆိုတဲ့ ကလေးမွေးဖူးတဲ့အမျိုးသမီးတွေသာရနိုင်တဲ့ သန့်စင်မွန်မြတ်တဲ့ စိတ်ခံစားမှုကို
ဦးညွှတ်လေးစားရင်း... မေလ ဒုတိယပတ် ဆန်းဒေးမှာ အမေအတွက်ကဗျာတွေကို စုစည်း
တင်ဆက်ရင်း... ကဗျာဆရာတွေ အမေ့ကို ဘယ်လိုဖွဲ့ကြသလည်းဆိုတာ...
www.mompoem.blogspot.com မှာ ဆက်လက်ဖတ်ရူနိုင်ပါတယ်ခင်ဗျာ…
အမေ့ကို ချစ်တဲ့
မိုးလှိုင်ည
မေမေ
မေမေ
သားအခုတော့ဖျားနာနေပြီ
အမည်မသိတဲ့လမ်းတွေပေါ်မှာ
ပြန်တမ်းမဲ့ရက်စွဲတွေကိုဖြတ်သန်းရင်း
ဒီညနေတော့ အမေ့ဆီက
ဆန်ပြုပ်ပူပူ မရနိုင်ဘူးလို့
သားတွေးမိတယ်…
မိုးစက်တွေဖွေးဖွေးလှုပ်ကျနေတဲ့
လမ်းမရဲ့ဘေးတစ်ဖက်မှာ
သားရပ်နေတယ်အမေ…
ဘယ်ကိုထွက်ပြေးရမှန်းမသိလို့
မက်တပ်ရပ်အငေးတွေထဲ
အခု
ခန္ဒာကိုယ်အပူချိန်(၁၀၃)
ချောင်းအနည်းငယ်ဆိုးနေတယ်
အသက်က(၂၆)
သားနဖူးပြင်ကိုစမ်းပြီး
ရွှေမန်းတောင်နဲ့ရေနွေးကြမ်းပူပူတစ်ခွက်
ချွေးထွက်အောင်သောက်လိုက်လို့
အမေပြုံးပြီးပြောမယ့်စကားသံကို
ကျွန်တော်ပြန်ကြားယောင်နေမိတယ်
ဖိနပ်သဲကြိုးက ပြတ်လုပြတ်ခင်
အမေဝယ်ပေးထားတဲ့ တီရှပ်ကလည်း
အခုတော့ နွမ်းနွမ်းဖတ်ဖတ်….
ကျွန်တော်လိုချင်လွန်းလှချည့်ဆိုလို့
အမေ့ဆေးဖိုးဝါးခထဲက
ကျွန်တော်မသိအောင်ဝယ်ပြီး
အ၀တ်သေတ္တာထဲထည့်ပေးခဲ့တယ်
ဂျင်းပင်အပြာလေးလေ
အခုတော့အရောင်တွေလွင့်လို့
အနားတွေဖွာလန်ကျဲလို့…..
မလိုအပ်ပဲဇာတ်နာခဲ့ရအောင်
ကျွန်တော် မတန်တဆကြီးကိုပဲ
မာနကြီးခဲ့မိတယ်
မလိုလားအပ်ပဲ
အလွန်အမင်းကိုမိုက်မဲခဲ့တာပဲ
ကဗျာ…..ကဗျာ
အနုပညာ……အနုပညာ
ဆိုပြီး
ဘာကိုမှလည်း ဟုတ်တိပတ်တိမရခဲ့ပါဘူး…..
အခုလမ်းပေါ်မှာတွေဝေနေတဲ့
အမေ့သားလေ….
အမေပေးတဲ့အသက်
အမေပေးတဲ့အင်္ကျီ
အမေပေးတဲ့ဘောင်းဘီနဲ့
အမေပေးတဲ့ဖိနပ်ကိုစီးပြီး
အမေ့ဆီက ညနေစာတစ်နပ်ကို
တောင်းစားဖို့
အကြီးအကျယ်ရှက်ရွံ့နေသတဲ့….
ရှက်လည်းရှက်သင့်ပါတယ်လေ
တမြန်နေ့မနက်က
အစ်မအကြီးဆုံးနဲ့လမ်းမှာတွေ့ရင်း
(၁၀) လပိုင်းထဲမှာ အမေ့မွေးနေ့ရှိတယ်
အမေကနင့်ကိုတွေ့ချင်လို့
အိမ်ကိုလာခဲ့ဦးတဲ့….
အမေ့မွေးနေ့တဲ့
ဘယ်နှကြိမ်မြောက်လည်း
ဘယ်နေ့လဲ….
ကျွန်တော်အပြင်းအထန်ဝေခွဲတာတောင်မရဘူး
လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကအတိုင်း
အမေ့ချွှေးခံဘော်လီထဲက
ထွက်ကျလာတဲ့ငွေစကြေးစကို
ကျွန်တော်မျက်စောင်းထိုးနေရတုန်း
အမေရေ
ကျွန်တော်လေ
ချစ်သောဖေဖော်ဝါရီရဲ့မွေးနေ့ကိုမမေ့ခဲ့ဘူး
ပြီးတော့
အေဗရာဟင်လင်ကွန်း၊ မာတင်လူသာကင်း
မဟ္တမဂန္ဒီ၊ မာသာထရီဇာကနေ
ဗိုလ်ချုပ်အောင်ဆန်းအထိ
ကြည်ညိုလေးမြတ်ရတဲ့
အာဇာနည်တွေရဲ့မွေးနေ့ကိုတောင်
မမေ့ခဲ့ဘူး
ဒီထက်ပိုကြည်ညိုရမယ့်အမေ့မွေးနေ့ကိုတော့
ကျွန်တော်ဒိုင်ယာရီစာမျက်နှာတွေပေါ်မှာ
မမှတ်သားမိတာကို ကျွန်တော်အကြီးအကျယ်
ဝမ်းနည်းခဲ့ရတယ်အမေ….
မိုးစဲတော့
ကျွန်တော်လည်းကပ်ရပ်မှီခိုလို့မယ့်
အမိုးအကာတစ်ခုစီထွက်လာမိတယ်
ကျွန်တော်အိမ်ပြန်မအိပ်ရင်
ညဉ့်နက်တဲ့အထိ…
လမ်းအိုလေးပေါ်မျော်ငေးနေမယ့်
အမေ့ကိုမြင်ယောင်ရင်းလေ….။
မိုးလှိုင်ည
သားအခုတော့ဖျားနာနေပြီ
အမည်မသိတဲ့လမ်းတွေပေါ်မှာ
ပြန်တမ်းမဲ့ရက်စွဲတွေကိုဖြတ်သန်းရင်း
ဒီညနေတော့ အမေ့ဆီက
ဆန်ပြုပ်ပူပူ မရနိုင်ဘူးလို့
သားတွေးမိတယ်…
မိုးစက်တွေဖွေးဖွေးလှုပ်ကျနေတဲ့
လမ်းမရဲ့ဘေးတစ်ဖက်မှာ
သားရပ်နေတယ်အမေ…
ဘယ်ကိုထွက်ပြေးရမှန်းမသိလို့
မက်တပ်ရပ်အငေးတွေထဲ
အခု
ခန္ဒာကိုယ်အပူချိန်(၁၀၃)
ချောင်းအနည်းငယ်ဆိုးနေတယ်
အသက်က(၂၆)
သားနဖူးပြင်ကိုစမ်းပြီး
ရွှေမန်းတောင်နဲ့ရေနွေးကြမ်းပူပူတစ်ခွက်
ချွေးထွက်အောင်သောက်လိုက်လို့
အမေပြုံးပြီးပြောမယ့်စကားသံကို
ကျွန်တော်ပြန်ကြားယောင်နေမိတယ်
ဖိနပ်သဲကြိုးက ပြတ်လုပြတ်ခင်
အမေဝယ်ပေးထားတဲ့ တီရှပ်ကလည်း
အခုတော့ နွမ်းနွမ်းဖတ်ဖတ်….
ကျွန်တော်လိုချင်လွန်းလှချည့်ဆိုလို့
အမေ့ဆေးဖိုးဝါးခထဲက
ကျွန်တော်မသိအောင်ဝယ်ပြီး
အ၀တ်သေတ္တာထဲထည့်ပေးခဲ့တယ်
ဂျင်းပင်အပြာလေးလေ
အခုတော့အရောင်တွေလွင့်လို့
အနားတွေဖွာလန်ကျဲလို့…..
မလိုအပ်ပဲဇာတ်နာခဲ့ရအောင်
ကျွန်တော် မတန်တဆကြီးကိုပဲ
မာနကြီးခဲ့မိတယ်
မလိုလားအပ်ပဲ
အလွန်အမင်းကိုမိုက်မဲခဲ့တာပဲ
ကဗျာ…..ကဗျာ
အနုပညာ……အနုပညာ
ဆိုပြီး
ဘာကိုမှလည်း ဟုတ်တိပတ်တိမရခဲ့ပါဘူး…..
အခုလမ်းပေါ်မှာတွေဝေနေတဲ့
အမေ့သားလေ….
အမေပေးတဲ့အသက်
အမေပေးတဲ့အင်္ကျီ
အမေပေးတဲ့ဘောင်းဘီနဲ့
အမေပေးတဲ့ဖိနပ်ကိုစီးပြီး
အမေ့ဆီက ညနေစာတစ်နပ်ကို
တောင်းစားဖို့
အကြီးအကျယ်ရှက်ရွံ့နေသတဲ့….
ရှက်လည်းရှက်သင့်ပါတယ်လေ
တမြန်နေ့မနက်က
အစ်မအကြီးဆုံးနဲ့လမ်းမှာတွေ့ရင်း
(၁၀) လပိုင်းထဲမှာ အမေ့မွေးနေ့ရှိတယ်
အမေကနင့်ကိုတွေ့ချင်လို့
အိမ်ကိုလာခဲ့ဦးတဲ့….
အမေ့မွေးနေ့တဲ့
ဘယ်နှကြိမ်မြောက်လည်း
ဘယ်နေ့လဲ….
ကျွန်တော်အပြင်းအထန်ဝေခွဲတာတောင်မရဘူး
လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကအတိုင်း
အမေ့ချွှေးခံဘော်လီထဲက
ထွက်ကျလာတဲ့ငွေစကြေးစကို
ကျွန်တော်မျက်စောင်းထိုးနေရတုန်း
အမေရေ
ကျွန်တော်လေ
ချစ်သောဖေဖော်ဝါရီရဲ့မွေးနေ့ကိုမမေ့ခဲ့ဘူး
ပြီးတော့
အေဗရာဟင်လင်ကွန်း၊ မာတင်လူသာကင်း
မဟ္တမဂန္ဒီ၊ မာသာထရီဇာကနေ
ဗိုလ်ချုပ်အောင်ဆန်းအထိ
ကြည်ညိုလေးမြတ်ရတဲ့
အာဇာနည်တွေရဲ့မွေးနေ့ကိုတောင်
မမေ့ခဲ့ဘူး
ဒီထက်ပိုကြည်ညိုရမယ့်အမေ့မွေးနေ့ကိုတော့
ကျွန်တော်ဒိုင်ယာရီစာမျက်နှာတွေပေါ်မှာ
မမှတ်သားမိတာကို ကျွန်တော်အကြီးအကျယ်
ဝမ်းနည်းခဲ့ရတယ်အမေ….
မိုးစဲတော့
ကျွန်တော်လည်းကပ်ရပ်မှီခိုလို့မယ့်
အမိုးအကာတစ်ခုစီထွက်လာမိတယ်
ကျွန်တော်အိမ်ပြန်မအိပ်ရင်
ညဉ့်နက်တဲ့အထိ…
လမ်းအိုလေးပေါ်မျော်ငေးနေမယ့်
အမေ့ကိုမြင်ယောင်ရင်းလေ….။
မိုးလှိုင်ည
အိမ်ပြေး
ဒီနေ့တော့
အိမ်ပြန်ရောက်ဖို့ လမ်းပျောက်နေပြီ.....။
အမေ့အိမ်ကနေ
ရက်ပေါင်းခုနှစ်ထောင် အကွာအဝေးက
မိုင်လေးရာကျော် ကြာမြင့်လို့...။
တိုက်မြင့်မြင့်တွေများတဲ့ မြို့ကြီးကနေ
အမေ့အိမ်ရှေ့ ၀ရန်တာက
မြင်နေရတဲ့ ကြယ်တွေကိုကြည့်ရင်း
အမေရယ်
သားချင်ခြင်းတပ်ခဲ့တဲ့ အိမ်ပြန်ချိန်တွေက
လင်းတစ်လှည့် မှိန်တစ်လှည့်...။
ရာသီစာခြံထွက်တွေလို လတ်ဆတ်တဲ့ အမေ့အပြုံးထက်
ရေခဲသေတ္တာထဲက ဒိန်ခဲလို
အေးစက်ငန်ကျိတဲ့ မချိတရိ အပြုံးတွေကို
သားကိုယ်တိုင် အဓိပ္ပာယ်မသိဘဲ ကြိုက်မိတော့
ဘ၀က မြည်းရင်းစမ်းရင်း ခါးသီးလာပြီ...။
အခု
တိမ်တွေရဲ့ သတင်းစကားမှာ
အမေ ထာဝရအနားရသွားပြီတဲ့
ကျွန်တော်သိတယ်
မြို့ငယ်လေးရဲ့ တောင်ကုန်းမြင့်မြင့်တစ်ခုမှ
အမေရှိနေပေမယ့်
ကျွန်တော် ပြန်တူးဖော်မရနိုင်ဘူးဆိုတာ...။
မိုးလှိုင်ည
အိမ်ပြန်ရောက်ဖို့ လမ်းပျောက်နေပြီ.....။
အမေ့အိမ်ကနေ
ရက်ပေါင်းခုနှစ်ထောင် အကွာအဝေးက
မိုင်လေးရာကျော် ကြာမြင့်လို့...။
တိုက်မြင့်မြင့်တွေများတဲ့ မြို့ကြီးကနေ
အမေ့အိမ်ရှေ့ ၀ရန်တာက
မြင်နေရတဲ့ ကြယ်တွေကိုကြည့်ရင်း
အမေရယ်
သားချင်ခြင်းတပ်ခဲ့တဲ့ အိမ်ပြန်ချိန်တွေက
လင်းတစ်လှည့် မှိန်တစ်လှည့်...။
ရာသီစာခြံထွက်တွေလို လတ်ဆတ်တဲ့ အမေ့အပြုံးထက်
ရေခဲသေတ္တာထဲက ဒိန်ခဲလို
အေးစက်ငန်ကျိတဲ့ မချိတရိ အပြုံးတွေကို
သားကိုယ်တိုင် အဓိပ္ပာယ်မသိဘဲ ကြိုက်မိတော့
ဘ၀က မြည်းရင်းစမ်းရင်း ခါးသီးလာပြီ...။
အခု
တိမ်တွေရဲ့ သတင်းစကားမှာ
အမေ ထာဝရအနားရသွားပြီတဲ့
ကျွန်တော်သိတယ်
မြို့ငယ်လေးရဲ့ တောင်ကုန်းမြင့်မြင့်တစ်ခုမှ
အမေရှိနေပေမယ့်
ကျွန်တော် ပြန်တူးဖော်မရနိုင်ဘူးဆိုတာ...။
မိုးလှိုင်ည
အမေနဲ့စကားစမြည်
''သား နင့်မလဲ
တစ်နေ့တစ်ခြားပိန်လိုက်တာ''
''ကဗျာအာဟာရနဲ့ သားစိတ်တွေဝနေတာ
အမေမမြင်မိလို့ပါ...''
''သားရယ် ဗိုက်ပြည့်အောင်စား
အိပ်ပျော်အောင်အိပ်ပါလား''
''မဖြစ်သေးဘူး...အမေ
သားက လိုတာထက်ပိုစားရင်
လစ်ဟာသွားရမယ့်အစာအိမ်တွေအတွက်
မသေရုံတစ်မယ်ပဲ သားစားပါရစေ...''
''အိပ်လို့ကလည်း ပျော်မှာမဟုတ်ပါဘူး
အရူးတွေစစ်ဖြစ်နေတဲ့ကာလမှာ
ကမ္ဘာကြီးကို စောင့်ရှောက်ဖို့
၂၄ နာရီပတ်လုံး သောကရောက်နေရတယ်''
အမေက သားကိုချစ်သလို
သားကလည်း ကမ္ဘာကြီးကိုချစ်တယ်
အဲဒီလိုနဲ့ ကဗျာရေးဖြစ်ခဲ့တယ်အမေ...
ဒီဘ၀ကြွေးဟောင်းတွေအပေါ်
ပြန်လည်မပေးဆပ်နိုင်ခဲ့ရင်တော့
အမေ သားကိုခွင့်လွှတ်ခဲ့ဖို့တစ်ခုပဲ
အရေးတကြီးလိုအပ်နေတယ်...အမေ...။
မိုးလှိုင်ည
တစ်နေ့တစ်ခြားပိန်လိုက်တာ''
''ကဗျာအာဟာရနဲ့ သားစိတ်တွေဝနေတာ
အမေမမြင်မိလို့ပါ...''
''သားရယ် ဗိုက်ပြည့်အောင်စား
အိပ်ပျော်အောင်အိပ်ပါလား''
''မဖြစ်သေးဘူး...အမေ
သားက လိုတာထက်ပိုစားရင်
လစ်ဟာသွားရမယ့်အစာအိမ်တွေအတွက်
မသေရုံတစ်မယ်ပဲ သားစားပါရစေ...''
''အိပ်လို့ကလည်း ပျော်မှာမဟုတ်ပါဘူး
အရူးတွေစစ်ဖြစ်နေတဲ့ကာလမှာ
ကမ္ဘာကြီးကို စောင့်ရှောက်ဖို့
၂၄ နာရီပတ်လုံး သောကရောက်နေရတယ်''
အမေက သားကိုချစ်သလို
သားကလည်း ကမ္ဘာကြီးကိုချစ်တယ်
အဲဒီလိုနဲ့ ကဗျာရေးဖြစ်ခဲ့တယ်အမေ...
ဒီဘ၀ကြွေးဟောင်းတွေအပေါ်
ပြန်လည်မပေးဆပ်နိုင်ခဲ့ရင်တော့
အမေ သားကိုခွင့်လွှတ်ခဲ့ဖို့တစ်ခုပဲ
အရေးတကြီးလိုအပ်နေတယ်...အမေ...။
မိုးလှိုင်ည
ရင်ဝေးငှက်
မိုးကောင်းကင် တနံတလျားကို
သားပျံသန်းသွားမယ်ဆိုတော့
အမေတားခဲ့သေးတယ်နော်
ကောင်းကင်ရဲ့  မာယာတွေကို
အထင်မှားခဲ့တဲ့သားက
တိမ်လွှာဖြူတွေခူးစားဖို့ ကြိုးစားရင်း
တကယ်တမ်းကျတော့
ဘ၀ဆိုတာ မုန်တိုင်းညတွေပဲလား
မောပန်းနေတဲ့ အတောင်တစ်စုံအပေါ်
မိုးစက်တွေ ခပ်ကြမ်းကြမ်းရွာချ
မလုံခြုံတဲ့ အရိပ်အာဝါသတွေအောက်မှာ
အမေ့ရဲ့ ရင်ငွေ့အိမ်လေးကို
သတိရနေမိပေမယ့်
အခုတော့သားက ရင်ဝေးငှက်ပေါ့...အမေ
မိုးလှိုင်ည
သားပျံသန်းသွားမယ်ဆိုတော့
အမေတားခဲ့သေးတယ်နော်
ကောင်းကင်ရဲ့  မာယာတွေကို
အထင်မှားခဲ့တဲ့သားက
တိမ်လွှာဖြူတွေခူးစားဖို့ ကြိုးစားရင်း
တကယ်တမ်းကျတော့
ဘ၀ဆိုတာ မုန်တိုင်းညတွေပဲလား
မောပန်းနေတဲ့ အတောင်တစ်စုံအပေါ်
မိုးစက်တွေ ခပ်ကြမ်းကြမ်းရွာချ
မလုံခြုံတဲ့ အရိပ်အာဝါသတွေအောက်မှာ
အမေ့ရဲ့ ရင်ငွေ့အိမ်လေးကို
သတိရနေမိပေမယ့်
အခုတော့သားက ရင်ဝေးငှက်ပေါ့...အမေ
မိုးလှိုင်ည
Friday, May 8, 2009
nYi mA လေး
"လဲသေလိုက်ပါလားတဲ့"
ညီမလေးက စကားမဆုံးခင်
ကိုယ်က ဆယ်ဘ၀ပြောင်းပေးချင်သူပါ...
စင်္ကြာဝဠာထဲက ကြာသပတေးနေ့ကိုမပေးနဲ့
သနပ်ခါးပါးကွက်ကြားလေးကိုပဲ
အမြဲငေးနေချင်တာ
အစိမ်းရောင်မျက်စောင်းလေးကို
ဂန္တ၀င်ညနေစောင်းလေးနဲ့
ထုပ်ပိုးထားလိုက်ပြီ...
နှလုံးသား ပြခန်းမှာ
ညီမလေးရဲ့
တစ်ကိုယ်တော်ပြပွဲ
သံသရာရဲ့ အလျားအနံအတိုင်းကြီးကျယ်လို့...။
မိုးလှိုင်ည
ညီမလေးက စကားမဆုံးခင်
ကိုယ်က ဆယ်ဘ၀ပြောင်းပေးချင်သူပါ...
စင်္ကြာဝဠာထဲက ကြာသပတေးနေ့ကိုမပေးနဲ့
သနပ်ခါးပါးကွက်ကြားလေးကိုပဲ
အမြဲငေးနေချင်တာ
အစိမ်းရောင်မျက်စောင်းလေးကို
ဂန္တ၀င်ညနေစောင်းလေးနဲ့
ထုပ်ပိုးထားလိုက်ပြီ...
နှလုံးသား ပြခန်းမှာ
ညီမလေးရဲ့
တစ်ကိုယ်တော်ပြပွဲ
သံသရာရဲ့ အလျားအနံအတိုင်းကြီးကျယ်လို့...။
မိုးလှိုင်ည
Subscribe to:
Posts (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
အဆုံးမရှိအောင်ကျယ်ဝန်းတဲ့ အမှားထဲ တိမ်တွေကလှလိုက်တာ ကိုယ်မှာတရားနဲ့ဖြေရတယ်။ မောင်သိန်းဇော်
-
ငါ့ဆီမှာ ခြောက်လုံးပြူးတစ်လက်ရှိတယ် … ။ အနုပညာတစ်တောင့်ထည့် လွတ်လပ်မှု တစ်တောင့်ထည့် ဒီမိုကရေစီ တစ်တောင့်ထည့် ချစ်ခြင်းမေတ္တာတစ...