Sunday, March 23, 2008

အိပ်မက်စိမ်း

အိပ်မက်တွေအစိမ်းသေကုန်ပေါ့

မိုးချုပ်တာတောင်

အိမ်ပြန်မရောက်နိုင်တဲ့လေလွင့်ခြင်းတွေ

ကြုံသလိုရှင်သန်

ဖြစ်သလိုဖြတ်သန်း

မင်းကိုလွမ်းတဲ့ခဏတော့

ငါစနစ်တကျနေထိုင်တယ်

ကောင်မလေးရေ

မေတ္တာတရားနဲ့တွန်းကန်ထားတဲ့

နာကျင်မှုတွေပါ….

အိပ်မက်တွေအစိမ်းသေကုန်တဲ့ည

ငါဘယ်လိုမှအိပ်လို့မရဘူး

လမ်းပေါ်မှာငါ့ကိုပြန်မထူးတဲ့မင်းဝိဥာဉ်

ဘယ်နတ်ဆိုးရဲ့စင်တင်ဂီတမှာ

ကျိန်စာတွေကျနေမှာလည်း

ငွေနံ့ကြေးနံ့တွေညှီစို့နေတဲ့

အေးစက်စက်လက်ကြမ်းတွေ

မင်းကိုဖမ်းချုပ်သိမ်းပိုက်နေချိန်

လမ်းမပေါ်လွတ်ကျသွားတဲ့

အိပ်မက်စိမ်းတွေ

ညထဲမှတိုးဝှေ့ကွယ်ပျောက်

ကောင်မလေးရေ…

အိပ်စက်တဲ့ခဏမှာတော့အိပ်မက်လှလှမက်ပါစေ…။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...