Thursday, March 20, 2008

အိပ်ပြန်မရောက်သေးတဲ့ ကဗျာ

တိမ်တွေကိုအသေအချာစာလုံးပေါင်းချင်တဲ့

ကောင်လေးလေ

သူ့ဘ၀သင်ခန်းစာတွေထဲ

အမှောင်တွေဘယ်လိုပဲသိပ်သည်းပါစေ

မေမေရယ်

လောကကွင်းပြင်မှာသူအမြင့်ဆုံးလွှင့်တင်ချင်တဲ့

လေတံခွန်တွေ

လောကဓံလေအဟုန်ထဲ

ဘယ်နှကြိမ်မြောက်ဆုတ်ဖြဲခံရပြီးပြီလဲ…

အိပ်မက်တွေကျိုးကြေခဲ့ရတဲ့

ညနေခင်းလမ်းမတွေပေါ်လွင့်မျော…

အချိန်တွေဘယ်လောက်ကြာကြာပေါ့

ကံကြမ္မာအချိုးအကွေ့တွေကြား…

အမေရဲ့မေတ္တာရင်ငွေ့တွေကို

ခဏခဏထုတ်ဖတ်ဖြစ်တယ်…

ကျွန်တော်မရင့်ကျက်သေးဘူးအမေ….။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...