Monday, March 17, 2008

ချည်တိုင်

ချစ်လို့

ငါ့ကိုယ်ငါ လက်ဆောင်အဖြစ်နဲ့

ဒီမြို့ကိုပြန်ခဲ့တယ်…။

တိမ်ရိုင်းသွင်းချိန်လေပြန်ထဲ

ငါ့ငယ်မည်နာမကို တိုးဖွဖွခေါ်သံကြားခဲ့ရ

အလွမ်းနဲ့ ဆင့်ဆိုခြင်းခံခဲ့ရ

ဘယ်သူလဲ

ဘယ်သူပါလဲခင်ဗျာ။

မီးခိုးရောင်ကုတ်အင်္ကျီနဲ့ တောင်တန်းကြီးတွေရယ်

အမေ့အိမ်က ရေဒီယိုလေးရယ်

သားမွေးပြီးစ ကွင်းပြင်ဝါ၀ါ

လှိုင်းသံ၊ ပုစဉ်းရင်ကွဲသံ၊ ခြေသွားလမ်း

ရိုးပြတ်နံ့မြေသင်းနံ့

ကုက္ကိုတန်း….

……………………………..

ဘယ်ဘက်ရင်အုံပေါ်က ဆေးမင်ကြောင်များ

ငါ့အားလွမ်းဖို့လက်တို့ခေါ်။

လော်ကယ်ရထား မစီးဖူးတဲ့မြို့ကလေးမှာ

အလိုမပြည့်မှုတွေ ပုဆိုးလိုမြဲတဲ့ကောင်တစ်ကောင်

ရှိခဲ့တယ်

မြို့သစ်တံတားကြီးပေါ် လရောင်ကောက်တဲ့ ငှက်ကလေးတွေ

ရှိခဲ့တယ်

အမြဲစိမ်းညတွေရဲ့အသံ

ရှိခဲ့တယ်

ကြောင်ရေချိုးတဲ့ကိစ္စနည်းနည်း

ရှိခဲ့တယ်

………

ရှိခဲ့တယ်

…….

ရှိခဲ့တယ်

ကျေးလက်တေးကြိုက်တဲ့ အသားညိုညိုနဲ့မြို့ကလေး

မိုးတိမ်သေတစ်ခင်းဆိုက်ကပ်ဖို့ဖြစ်လာခဲ့

ချစ်တယ်။

ယုံစမ်းပါ

''ချစ်လို့"

ငါကိုယ်ငါ လက်ဆောင်အဖြစ်နဲ့

ဒီမြို့ကို ပြန်ခဲ့တယ်…။…။

လူငြိမ်းခိုင်

1 comment:

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...