Pages

Thursday, April 28, 2011

စာကလေးအိမ်

.....

တချိန်က

သစ်တောလမ်းလေးထဲမှာ

ငါတို့နှစ်ယောက် စာကလေးအိမ်လေးတွေ

ချိတ်ဆွဲဖူးခဲ့တယ်

အခုတော့ မှိုင်းညှို့ ညှို့ အတိတ်ပေါ့

အဲဒီတုန်းက စာကလေးမလေးတွေ

မင်းကတီတီတာတာနဲ့ စကားသိပ်များတယ်

အခုတော့

မီဂါစီးတီးမြို့ ကြီးထဲမှာ ဆူဆူညံ့ညံ့

ငါကတော့ ဇာတိမြေကနေ

တစ်လက်မမှမဆုတ်ချင်တဲ့ လူမိုက်

ငယ်ငယ် သစ်တောလမ်းလေးက

ကွန်ကရစ်လောင်းခံရလို့ မာကျောအေးစက်လို့

စာကလေးအိမ်လေးတွေ မရှိတော့ဘူး

မင်းရယ်သံလေးတွေမပါနိုင်တော့တဲ့ ညနေတွေမှာ

ငါအိမ်ပြန်ဖို့ဝင်လေး

သစ်တောလမ်းလေးပေါ်က

ခေါင်းငိုက်စိုက်တွေးခဲ့တယ်..

ငယ်ငယ်ကလို့ စာကလေးအိမ်လေးတွေ ချိတ်ရုံနဲ့

ငါမပျော်နိုင်တော့

ရေကြည်မျက်နုရာတွေမှာ

ငါတို့ ရေသာခိုချင်တဲ့အတွေးတွေနဲ့

စာကလေးမလေးရယ်

ငါကိုထိုးဆိတ်မယ် မင်းနှုတ်သီးလေးတွေကိုလွမ်းရင်း

ဘ၀ဆိုတာ

အိမ်နဲ့ဝေးစေမယ့်စိတ်ကူးတွေနဲ့သော့ခတ်ထားခံနေရဆဲ

မိုးလှိုင်ည

Wednesday, April 27, 2011

ဘ၀ဆက်တင်

မင်နေကျ အပြင်အဆင်တွေကို
ရိုးအီလာယုံလေး သက်သက်
ဒါဟာ
လက်ညှိုးဖျားလေးတွေနဲ့
အက်ဖ်နဲ့ဂျေကီးခလုတ်တွေထိစမ်းရုံ
မလုံလောက်သေးဘူး
ခံစားမှုကိုယ်တိုင်က မခံစားနိုင်တော့
စာကြောင်းတွေမြင်နေရယုံနဲ့
ဘ၀ဟာမပြည့်စုံနိုင် ...
ခုန်ချလိုက်တယ်
ဆက်တင်တွေရောရောထွေးထွေး
ငွေကြေး လိင်မှုကိစ္စ မူးယစ်သေစာ
ကိလေသာအဖျားဒီဂရီတွေတက်တက်လာတယ်
ဘယ်လို နာကျင်မှုနဲ့ ကိုယ့်ကိုယ်ပြန်
ကြင်နာမိနေတာလည်း...
တရွေ့ရွေ့ ဘ၀ဆက်တင်ထဲ
တရွေ့ရွေ့ ဘ၀ညနေတွေထဲ
လူဟာအရွေ့ထဲမှာချောင်ပိတ်မိဆဲ


မိုးလှိုင်ည

Tuesday, April 26, 2011

မြန်မာပြည် အုပ်ချုပ်ရေး

ဆယ်အိမ်ခေါင်းခြွှေအရံ၊

နှစ်လုံးပြူးသေနတ်ထမ်းပါလို့။

တောလမ်းကပြန်

လက်စွဲတဲ့ ဥပဒေလှန်

ဟန်ပန်နှင့်လေး။

ကျေးရွာအက်အမှုပွေတယ်၊

ဆယ့်နှစ်ထွေသံစုံတီးပါလို့

သူကြီးတဲ့လေး။

လူခွန်တော် အလွတ်ထားလို့၊

ဆယ်အိမ်စားအပိုင်ခြေ။

ကြက်ဝိုင်းဆိုလက်ကိုတို့ပါဗျာ့၊

မူးလို့ရယ်နေ။

ကွမ်းဖိုးငွေ

ဝေစုကွဲရအောင်တောင်း။

ဥပဒေဘာမတတ်သော်လည်း

မှု့ပွေအောင် ရွာကိုပတ်နိုင်ရဲ့

ဘယ်ဇာတ်ဘယ်လိုခင်းလိုက်မယ်၊

မင်းဆယ်အိမ့်ခေါင်း။

သတ္တိဆိုဘာမရှိသော်လည်း

မိုက်ပါဘိငါ့ကိုယ်။

ခွေးမှန်လျှင်လူမမှတ်ပါဘူ့

ရိုက်တတ်သူဗိုလ်၊

မူးတယ်ဟေ့ ရဲရင့်ဆို

မအေကိုကော်ဆဲ။

လက်ထိပ်ကို အဖော်ထားတယ်၊

တောသားတဲ့ဘဲ..။

ယုံတမ်းစကား

ဤသို့လျှင် ဤသူကြီး၊ဤ ဆယ်အိမ်ခေါင်း ၊ ဤရွာသားတို့သည် စည်ဝါးအံကိုက်၍နေလေသောကြောင့် မြန်မာပြည်ကြီး သည် တစ်နေ့တခြား ကြီးပွား တိုးတက်၍ လာလေသတည်း

မောင်ထင်

( မြို့အုပ်မင်းဆို ဘုံရုံကဗျာများမှ) ကူးယူဖော်ပြသည်

Sunday, April 10, 2011

ကိုချောနွယ်


တောင်ပေါ်လမ်းကွေ့ကနေ

သရေခေတ္တရာ မနက်ခင်းထဲ

ခင်ဗျားကို ဖန်ဆင်းခဲ့တာ

ဘယ်အရာပါလည်း


ကဗျာကိုဖန်ဆင်းခဲ့တာ

ဘယ်အရာပါလည်း

ကျွန်တော်သိချင်လှပါရဲ့



ပရိုင်းမိတ်လူအံသွားတစ်ချောင်းရဲ့

ပဟေဠိကို သိနှင့်ရသလို

ကဗျာရဲ့ကျောရိုးမတစ်ချောင်းဟာ

ခင်ဗျားရဲ့ နာကျင်မှုဖြစ်ကြောင်း ကျွန်တော်တို့သိတယ်



ကဗျာရေးတဲ့ လက်ဖျံရိုးတစ်ချောင်းဟာ

လောကဓံကို ဘယ်လောက်ကြာကြာတောင့်ခံထားနိုင်မလဲ


ရာစုနှစ်အဆက်ဆက်တိုင်အောင်

ကျွန်တော်တို့ မှတ်မိနေတဲ့

ကဗျာရေးတဲ့ လက်ဖျံရိုးတွေရှိတယ်

အဲဒီအထဲမှာ ခင်ဗျားနာမည်ပါတယ်
ကိုချောနွယ်..။

ခင်ဗျားကိုယုံလို့

ကျွန်တော့်ကိုယ်ကျွန်တော်သေချာခဲ့တယ်




ဒီလမ်းမှာ

ကျွန်တော်တို့ လူချင်းမဆုံပေမယ့်လည်း

ဝိညာဉ်ချင်း အထုံကူးတယ်

ကိုချောနွယ်


ကျွန်တော်တို့ ယုံယုံကြည်ကြည်

ကိုက်လမ်းလေးအတိုင်းပြန်လာခဲ့တာပဲ

ကျွန်တော်တို့သစ္စာတရားဟာ

ကျွန်တော်တို့အသက်ကို နှုတ်ယူသည်အထိပေါ့

ဆတ်သွားကို

ရထားဖြတ်တုန်း

ခင်ဗျားက ကျွန်တော်တို့ကို

လက်ပြထားခဲ့တယ်
.


မာယာကော့ဖ်စကီးနဲ့တင်မလုံလောက်လို့
ဘုရားသခင်က မောင်ချောနွယ်ကို ထပ်လွှတ်လိုက်တယ်လို့
ခင်ဗျားမိတ်ဆွေ ကဗျာဆရာတစ်ယောက်ပြောဖူးတယ်


ဟုတ်တယ်

ကမ္ဘာကြီးက ကဗျာဆရာအလုံအလောက်မရရှိသေးဘူး

ကဗျာတွေအလုံအလောက် မရရှိသေးဘူး

ခင်ဗျားက ထွက်ခွာသွားနှင့်ပြီ

ဂျက်လေယာဉ်စီးကြောင်းလို

အလင်းဖန်မျှင်တွေတန်းလို့

တစ်လောကလုံးကို ထစ်ချူန်းမြည်လို့


ကိုချောနွယ်

တစ်ကြောင်းထဲ စာချွှန်လွှာရေးရရင်

ခင်ဗျားချစ်မက်ခဲတဲ့ကမ္ဘာကြီးက ခင်ဗျားကိုပြန်လည်လွမ်းဆွတ်လို့

မြို့သစ်မိုးထဲမှာ ကျွန်တော်တို့တစ်တွေ စိုရွှဲနေတုန်းလေ



မိုးလှိုင်ည

ကြေကွဲရောင် ကောင်းကင်

ကောင်းကင်က ကြေကွဲတဲ့အရောင်နဲ့

ငါကလည်းမှောင်နေတယ်

မင်းက အိပ်မက်တွေကို ငြင်းတဲ့

ဓမ္မဠိဌာန်သမား

ငါက သချာင်္တစ်ဆိုအမြဲတမ်းကျတဲ့

အတွက်အချက်မကောင်းတဲ့ကောင်လေး

ငါ့ စာလုံးပေါင်းတွေမှားခဲ့တယ်

ငါ့အသံထွက်တွေလွဲခဲ့တယ်

ဘ၀ဆိုတာ ငါမကျွမ်းကျင်ပဲ

ဝင်ပြိုင်ရတဲ့ အားကစားနည်း

ငါက အချိန်ရှိသမျှပျင်းရိချင်တယ်

မင်းကို မေတ္တာထားဖို့က ခြွင်းချက်ပေါ့

ညီမလေးရေ

မှော်ဆရာမရေ

တကယ်တော့ပြက်လုံးပါ

မင်းနဲ့ တစ်လောကလုံးရယ်ဖို့

ငါရဲ့ အတီး

အတ.. ကကြိုးတွေ

မိုးလှိုင်ည