Tuesday, December 22, 2009

ငါတို့ရဲ့လက်တွေ...




ငါတို့မှာ လက်တွေရှိတယ်
လက်တွေဟာ ဘာလုပ်ဖို့လည်း

ငါတို့မှာလက်တွေရှိတယ်
လက်တွေကို ဂရုစိုက်ပါ
လက်တွေကို သန့်သန့်စင်စင်ထားပါ
လက်တွေကို မကြမ်းတမ်းပါစေနဲ့
လက်တွေကို သွေးမစွန်းပါစေနဲ့....

လက်တွေက ကဗျာရေးတယ်
လက်တွေက ပန်းချီဆွဲတယ်
လက်တွေက ဂီတကို တီးခတ်တယ်
လက်တွေက လက်နှက်ကိုင်တယ်
လက်တွေက ပုခက်လွှဲတယ်...

လက်မှတ်ထိုးတဲ့လက်က မြို့ကိုဖျက်သတဲ့လေ
ငါတို့လက်တွေက မြို့ကို မဖျက်မိဖို့
လက်တွေကို ဂရုစိုက်ရမယ်....

လက်တွေက ငါတို့အတွက် အရေးတကြီး
လက်တွေဟာ အနုပညာဆန်ရဲ့
လက်တွေဟာ မေတ္တာ တန်ခိုးတော်ရှိရဲ့

ဒါကြောင့်
လက်တွေနဲ့ မျက်ရည်သုတ်ရမယ်
ငါ့တို့ပါးပြင်ပေါ်က
တခြားသူတွေရဲ့ ပါးပြင်ပေါ်က
လက်တွေက မျက်ရည်သုတ်ဖို့အတွက် အကောင်းဆုံးပဲ
ငါတို့ ချစ်ကြစို့
လက်တွေနဲ့ ပွေ့ဖက်ထားကြမယ်...
ကမ္ဘာကြီးကို....


မိုးလှိုင်ည

5 comments:

  1. လက်တွေဟာ လှပဖို့ ထက် လိုအပ်တဲ့နေရာမှာ အသုံးဝင်ဖို့  skill ful ဖြစ်ဖို့  ပိုအရေးကြီးပါတယ်
    ဒြီကဗျာကိုကြိုက်တယ်....


    (ကေး)

    ReplyDelete
  2. ကမ္ဘာကြီးကို အလှဆင်တဲ့ လက်တွေများပါစေ ..
    ကမ္ဘာကြီးကို ဖျက်မယ့်လက်တွေ ပျောက်ပါစေ ..

    ReplyDelete
  3. မိုးလှိုင်ရေ..

    ကိုလှသန်းရဲ့လက်ကိုလည်း သတိရမိသွားတယ်

    ကောင်းတယ်ဟာ..
    လေးစားချီးကျူးမိပါတယ်

    ReplyDelete
  4. ခုမှမြင်တယ်။သိဘူး အရင်က ဘာကိုခွင့်တောင်းနေပါလိမ့်ဆိုတာ :)

    ReplyDelete
  5. ပထမဦးဆုံး လာလည်ဖြစ်တာပါ။ ဒီကဗျာလေးကို သဘောကျတယ်ဗျာ . . .။
    ကျွန်တော်ကြိုးစားမယ်
    အကျိုးရှိပြီး လှပတဲ့ လက်ကို ပိုင်ဆိုင်ဖို့ . . . . . .

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...