Wednesday, October 31, 2007

သွေးစုပ်ဖုတ်ကောင်များသို့

ဘုန်းကြီးကိုသတ်တဲ့ လူသတ်ကောင်တွေ
ဘ၀ဆက်တိုင်း ကျဆုံးပါစေ။

စစ်ဖိနပ်တောင် မရှိတဲ့ဘဝ
ကိုယ့်အခြေအနေတော့
ကိုယ်သိကြဖို့ကောင်းတယ်။

ငရဲဆိုတာ စစ်ခေါင်းဆောင်ရဲ့ အမိန့်ထက်
ပိုကြောက်စရာ ကောင်းကြောင်း
မင်းတို့ အလောင်းတွေ မြေဘ၀ပြောင်းမှသိမယ်။

တနိုင်ငံလုံး ကောင်းစားရေး
အသက်ပေါင်း မြောက်များစွာ စတေးနေကြတယ်
ကဲ...မင်း နိုင်ငံကောင်းစားတာ မမြင်ချင်ဘူးလား။

ဟေ့...သွေးစုပ်ဖုတ်ကောင်တွေ....
လူသွေးကို စုပ်၊ လူဂုတ်ကို ချိုး
လှံစွပ်နဲ့ ထိုးပေမယ့်
အာဇာနည်မျိုး သေရိုးမရှိဘူး။

“ဘုန်းကြီးသတ်တဲ့ မိစ္ဆာတွေ
မိုးကြိုးပစ်လို့ သေပါစေ
ဘုန်းကြီးသတ်တဲ့ မိစ္ဆာတွေ
မိုးကြိုးပစ်လို့ သေပါစေ”

ဇင်ကိုလတ်

Sunday, October 28, 2007

တစ်ခုခုရေးမလို့ပါ

မနက်လင်းလာလိုက်တာ
ငါ့ကို လမ်းမပေါ်ဆွဲယူလာတဲ့အထိ
ဒီနေ့ဘာတွေလုပ်ရမလဲ…
မနေ့ကစီမံချက်ထဲမှာပိတ်မိနေတာသိတယ်။

လမ်းတစ်ဘက်ကိုဖြတ်ကူးတယ်
ဒီနားမှာအင်တာနက်ဆိုင်ရှိပေမယ့်
အိပ်မက်ထဲမှာတောင်ကော်နက်ရှင်ကမကောင်းဘူး။

လမ်းပြဆိုင်းဘုတ်တွေထောင်ထားပေမယ့်
ပိတ်ထားတဲ့လမ်းတွေကများတယ်
နံရံကိုပဲခေါင်းနဲ့ထတိုက်ပစ်ဖို့ပဲရှိတယ်။

၂၀၀၈ပြက္ခဒိန်ဝယ်မလားလို့
လှမ်းကြည့်ပြီးမှ…
ငါသက္ကဇ်ရ်တွေ မလိုချင်တော့တာသတိရတယ်။

တော်ပါပြီ
လက်ဘက်ရည်ကျစိမ့်တစ်ခွက်
ငါးဆယ်တန်စီးကရက်နှစ်လိပ်ရရင်
ငါကဗျာရေးလို့ရပြီ…
ဘာပဲဖြစ်ဖြစ်ကမ္ဘာကြီးအကြောင်းဆိုလည်းဟုတ်တယ်။

ဒီမိုကရေစီမရတဲ့နေရက်တွေဆိုလည်းဖြစ်တယ်
ငါ့ရင်ထဲက ဖေဖော်ဝါရီကို
ပိုက်ဆံပေါတဲ့ကောင်ခိုးသွားတဲ့အကြောင်းဆိုလည်း
ရေးလို့ဖြစ်တာပဲ….။

ရောဂါပဲ…
လူတွေမသေပဲ…ဘုရားသခင်သာသေဖို့ကောင်းတယ်
နိရှေးနဲ့ငါလည်း ငရဲမှာခဏခဏတွေ့တယ်
ဒီအဘိုးကြီးနဲ့ငြင်းခုံရတာအရသာအရှိဆုံးပဲ…။

မိုးလှိုင်ည

Friday, October 26, 2007

ထောင်စုနှစ်အလွမ်း

မျော်လင့်စရာမရှိရင်တောင်
မျော်လင့်ချက်ရှိသေးတယ်
အတိတ်ကိုပြန်တွေးလိုက်တာနဲ့
အလွမ်းလျင်လျင်မြန်မြန်ရောက်လာတတ်တယ်
တစ်ကယ်တော့
အဖြစ်အပျက်တွေကို
ရင်ထဲသိုဝှက်ခဲ့သူတစ်ယောက်
အေဒီနှစ်ထောင်အလွန်
တတိယထောင်စုနှစ်က
ငါ့ရင်ဘတ်ကိုမြို့ပျက်တစ်ခုလိုချေမွ
မျော်လင့်လို့မရရင်တောင်
မျော်လင့်ချက်ရှိသေးတယ်…
ဖေဖော်ဝါရီရေ
လူငယ်ဘ၀အိပ်မက်တွေအတိုင်း
ငါရင်ခုန်သံအရိုင်းဆန်ဆဲပါ

မိုးလှိုင်ည

Wednesday, October 24, 2007

မျော်လင့်ဆဲအိပ်မက်

မျော်လင့်ဆဲအိပ်မက်

ရာစုသစ်မနက်ခင်းမှာ
မေတ္တာတရားဟာနိုးထဖို့မဖြစ်နိုင်တော့ဘူးလား
လျှပ်စီကြောင်းပတ်လမ်းပေါ်မှာက
စိတ်ဓါတ်ကျနေတဲ့ကြောင်ပျင်းတွေ
မော်နီတာကိုငေးရင်းနဲ့
ခလုတ်တစ်ခုနှိပ်မိတာနဲ့အမိန့်တစ်ခုကျလာမယ်
ချစ်ခြင်းတရားနဲ့စပ်ယှက်စရာမလိုတဲ့
ဖန်ပေါင်းချောင်ထဲကသန္ဓေသားတွေ
စိတ်ရှုပ်ထွေးနေကြသလား
နယူးယောက်တံဆိပ်နဲ့တီရှပ်အောက်မှာက
ဘာကိုမှမချက်လုပ်ရသေးတဲ့
အစာအိမ်အသစ်စက်စက်တစ်လုံး
အာဖရိက ကလေးငယ်တွေရဲ့မျက်ဝန်းမှာ
ပေါင်မုန့်ဆိုတာစားစရာဟုတ်မဟုတ်
မသေချာဘူး...
မမွေးခင်ထဲကသေမိန့်ကျသလို
HIVပိုးကပါလာပြီးသား
အုတ်နံရံတိုင်းမှာကကျည်ပေါက်ရာချည်းပါပဲ
ဘေဘီလုံရှေးဟောင်းမြိုတော်ကြီးကငြီးတယ်
ရာစုသစ်ငြိမ်းချမ်းရေးဆိုတာ
အနူမြူစီမံကိန်းကိုယ်စီနဲ့
လူခန္ဓာကိုယ်ဟာချိန်ကိုက်ဗုံးတစ်လုံးဆိုရင်
ငရဲကျသွားတဲ့ကောင်းကင်ဘုံအတွက်
ငါတို့ဆုတောင်းပွဲကျင်းပရတော့မယ်...
ကမ္ဘာမြေကြီးစစ်မက်ဘေးမှကင်းဝေးပါစေ....။

မိုးလှိုင်ည

ကရာချိမှာ ဗုံးကွဲတဲ့သတင်းကြောင့် ဒီကဗျာလေးကို ပြန်တင်ဖြစ်တာပါ ကျွန်တော်တို့ မေတ္တာတရားတွေ မလုံလောက်လို့ ကမ္ဘာကြီးဟာ အကြမ်းဖက်ခံနေရဆဲပါ..ကိုယ်ချင်းစာစိတ်က ကျွန်တော်ရဲ့ဘာသာတရားပါ ဘုရားသခင်အားလုံးထက်မြင့်မြတ်ပါတယ် ....

Saturday, October 20, 2007

မဆင်မခြင်ရေးလိုက်တဲ့ကဗျာ

ဆင်ဆင်ခြင်ခြင်နေစမ်းပါကွာ
ပြောလိုက်ရင်ဆင်ခြေဆင်လက်တွေချည်းပဲ
မဆင်မခြင်နေရင်တော့ဒုက္ခရောက်လိမ့်မယ်
ယုတ္ထိဗေဒလား…လောဂျစ်လား
ထားလိုက်တော့ ဖြစ်ချင်ရာဖြစ်နေတဲ့လောကမှာ
သီအိုရီအသေတွေဆွဲထုတ်ပြမနေနဲ့
အဘိုးမဆင်ခြင်ရင်ကင်ဆာရနိုင်တယ်တဲ့
ကျွန်တော့်အဘိုးကုတဲ့ဆရာဝန်
အဘိုးအရင်သေသွားဖူးတယ်….
ဆင်ခြေဖြစ်ဖြစ်ဆင်လက်ဖြစ်ဖြစ်
ကျွန်တော်စွပ်ပြုပ်ဖြစ်အောင်လုပ်တတ်တယ်တဲ့
တရုတ်အကီးကပြောတယ်
အဲဒါပဲ
တစ်ခါတစ်ခါဘ၀ကို စွပ်ပြုပ်လုပ်သောက်တတ်ရတယ်
ဒါမှမဟုတ်စွပ်ပြုပ်ကိုဘ၀လိုသောက်တတ်ရတယ်…
ဒီကဗျာရေးပြီးရင်
ကျွန်တော်လည်းဆင်ဆင်ခြင်ခြင်နေမှဖြစ်မယ်
အခုထိတော့မဆင်မခြင်ရေးမိတာချည်းပဲ….

မိုးလှိုင်ည

ညနေ

အဝေးးးးးး
က
လွင့်မျောဆဲတိမ်တွေရဲညှို့ချက်မှာ
လူ့ဘဝ
ဒဏ်ရာတွေကိုစိတ်ဖြာတင်ဆက်ရင်း
မိုးကုတ်စက်ဝိုင်းအစွန်းမှာတွဲခိုနေတဲ့
အလင်းမှုန်တွေပါးလျ
အမှောင်တွေသိပ်သည်း တစ်ခုခုပျောက်ကွယ်ရမယ်ဆို
ငါ့ကိုယ်ငါပြန်မတွေ့ချင်တော့ဘူး
အဝေးကလွင့်မျောဆဲတိမ်တွေရဲ့ညှို့ချက်မှာ
ငါ့ညနေတွေလဲပြိုခဲ့ရတယ်

မိုးလှိုင်ည

ရှုမျော်ခင်း

အဆုံးမရှိအောင်ကျယ်ဝန်းတဲ့ အမှားထဲ
တိမ်တွေကလှလိုက်တာ
ကိုယ်မှာတရားနဲ့ဖြေရတယ်။

မောင်သိန်းဇော်

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...