ခြေထောက်တွေရောက်မလာသေးခင်
ရင်တဖိုဖို…
တကယ်တော့ ဖုန်ထတယ်ဗွက်ထူတယ်
ကိုယ်ထူကိုယ်ထသမားနဲ့
တရွတ်တိုက်ဖက်ရှင်မယ်…
တစ်ယောက်ယောက်ကလျှောက်မလာသေးသမျှ
သူကိုယ်သူဘယ်ရောက်မယ်မသိသေးဘူး…။
မိုးလှိုင်ည
ခြေထောက်တွေရောက်မလာသေးခင်
ရင်တဖိုဖို…
တကယ်တော့ ဖုန်ထတယ်ဗွက်ထူတယ်
ကိုယ်ထူကိုယ်ထသမားနဲ့
တရွတ်တိုက်ဖက်ရှင်မယ်…
တစ်ယောက်ယောက်ကလျှောက်မလာသေးသမျှ
သူကိုယ်သူဘယ်ရောက်မယ်မသိသေးဘူး…။
မိုးလှိုင်ည
တစ်ခါတစ်လေတော့
ကိုယ့်ကိုယ်ကိုအရသာရှိရှိမေ့လျော့နေမိတတ်တာ
အလေ့အကျင့်တစ်ခုလိုဖြစ်လို့…
တစ်လမ်းမောင်းခရီးသွားအတွက်တော့
ခေါင်းထိုးအိပ်စရာဘူတာစဉ်မရှိခဲ့ဘူး…
ရွာလွန်ရွက်တိုက်သီချင်းနဲ့
စီနင်းသိမ်းပိုက်ခဲ့တာက…
အခွံ့ချည်းသက်သက်ကန္တရတွေပါ…
ဒါပေမယ့်ကျေနပ်နေတယ်…
မင်းကတော့ပလက်ဖောင်းပေါ်နေ
ပလက်ဖောင်းပေါ်သေမယ့်ကောင်…
သားတစ်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့
အဖေတစ်ယောက်ရဲ့မချိတင်ကဲရွေရွတ်သံသာ
သူတစ်ခါတစ်ရံကြားယောင်မိခဲ့တယ်…
ဘ၀….
မိသားစု….
ချစ်ခြင်းမေတ္တာ…
ကဗျာကလွဲလို့…
သူကိုယ်တိုင်အရာရာနဲ့လွဲခဲ့တယ်…
ဒီခရီးစိမ်းစိမ်းတွေမှာ….
သူဥသြသံရှည်ရှည်မဆွဲနိုင်ခဲ့…
သူဟာရထားတစ်စင်းဆိုရင်
ကွင်းပြင်ကျယ်ကျယ်ကိုဖြတ်သန်းလာတဲ့
အထီးကျန်ခေါင်းတွဲတစ်ခုသာ…
သူခေါ်သံတွေအားလုံး…
မိုးကုတ်စက်ဝိုင်းအစွန်းမှာတိမ်ဝင်သွားမှာ
သိနှင့်သားနဲ့….
သူပြောပြချင်တဲ့စကားတွေကရင်နဲ့အမျှအပြည့်အသိပ်…..
မိုးလှိုင်ည
နွေဦးရေ
ပျော့အီနေတဲ့ ကတ္တရာလမ်းတွေပေါ်
တစ်ရူးတစ်စလို လွင့်ပြစ်ခံထားရတယ်
မိုးရေမ၀တဲ့ ပိတောက်တွေလို
ပွင့်လက်စတန်းလန်း…
ငါ့ကိုယ်ငါ ပြန်မလွမ်းချင်ဘူး…
ခုချိန်မှာ
နွေလေဆိုတဲ့
သူငယ်ချင်းတစ်ယောက်…
ဘယ်လိုအမှောင်မျိုးမှာ
လှောင်ပိတ်ခံနေရမလဲ…
နွေဦးရေ
ကြေကြေကွဲကွဲ အလင်းမှာ
ငါ့ကိုယ်ငါ မဖြန့်ခင်းချင်တော့ဘူး…
ဖုန်မထပါဘူး။
သေသူဟာ ရေပေါ်ကို လွင့်တက်သွားချိန်
သွေးက စကားပြောတယ်
…………
ငါးမန်းကို ။
ခရမ်းသစ်အိမ်
(kajan.S.Eain ရှဲ့ Struggle under the water)
စပျစ်သီးချင်တယ်
အမြဲပြောရင် ငါလွန်တာပဲဖြစ်မှာပေါ့
ဖေဖော်ဝါရီ…
မင်းကစပျစ်သီးဆိုရင်
ငါ့အတွက် ရူးသွပ်မူးမိုက်စေဖို့
ပူပြင်းခါးသက်လွန်းတဲ့
ဝိုင်အရက်ပြင်းတွေပဲဖြစ်မှာပါ…
ချစ်ခြင်းက ရှတစူးနစ်လွန်းလို့
တစ်ဘ၀လုံးရူးတယ်…
ခဏတာအစွဲအလန်းက
သံသရာတစ်ခုလုံးကိုလွမ်းစေတယ်…
ငါဘယ်တော့မမုန်းဘူး….
မင်းနဲ့ငါနေထိုင်တဲ့ ဂြိုလ်ဝါကြီးကို
ချစ်ခြင်းမေတ္တာနဲ့တည်ဆောက်ထားတာပဲ…။
သောက်။ သောက်။
သူငယ်ချင်း။
သောက်။ သောက်။
ကနေ့ည
မင်းကိုငါသောက်သလို
မင်းလည်းငါ့ကိုသောက်ပေါ့
လူ့ဘ၀ထဲ
ခေါက်ဆွဲကြော်လေးတစ်ပွဲလောက်မှ
အရက်ကောင်းလေးတစ်ခွက်မလောက်မှ
သောက်စားမသွားရရှာတဲ့ သူငယ်ချင်း
ပွဲတော်အုပ်တွေနဲ့ အမြဲလွဲရှာတဲ့
သောက်။ သောက်။ သူငယ်ချင်း
သောက်လည်းသောက်
စားလည်းစား
စကားတွေနောက်မှပြော
မင်း မောနေမယ်
လောကထဲ
ဒုက္ခတွေရင်ဆီးခံလို့ မင်း ရောက်ခဲ့တာ
အပေါက်အပြဲ ဗရပွနဲ့ ဘ၀ကို
ပေပေတေတေ မင်းရယူခဲ့တာ
ဘာကိုမှ
ထီမထင်တဲ့ဟန်နဲ့
အဖြူပတ်ကလေးတဖွာဖွာ
ဆံပင်ရှည်လေးတစ်ရမ်းရမ်း
ဘိုဟီးမီးယန်းလိုလို ကဗျာဆရာလိုလို
မင်းဟာအနုပညာဆန်တဲ့ ဘိုဟီးမီးယမ်း
`စာတတ်ပေတတ်ကြီး´ တဲ့
တွင်းထဲချကာနီး
မင်းညီက
အိမ်ထဲကအထွက်မှာ
`တစ်ကြောတော့ရှင်းသွားတာပေါ့´ တဲ့
မင်းအစ်မက
ငါ ဘယ်လိုခံစားရပါ့
မင်းထွက်သွားတော့
မျက်နှာကလေး လက်နဲ့အုပ်
တိုင်ကလေးကွယ်ကာ ကွယ်ကာ
မင်းအဖေကြီး ငိုရှာတယ်
မင်းသေတာ လူတစ်ယောက်ပါလို့
ငါဘယ်လိုပြောရပါ့
အသုဘဟာ
လူကလေးနည်းနည်း ခြောက်တီးခြောက်ချက်
ကနဖျင်းမထိုး ပင့်သံဃာမပါ
မင်းရဲ့နောက်ဆုံးခရီးဟာ
ဘယ့်နှယ်ပါလိမ့်လို့
အရပ်ထဲက ပြောစမှတ်ပြုကြမယ်
တို့ဘ၀တို့ကမ္ဘာ
တို့ဝမ်းနာ တို့ပဲသိတယ်သူငယ်ချင်း
ဆင်းဆင်းရဲရဲလူကသာမွဲတာ
ပစ္စည်းမဲ့မာနလေး လက်ဝဲလက်ထဲ
ကျစ်ကျစ်ပါအောင် ဆုပ်လို့
ရိုးသားမှု မြည့်နေအောင်သွေးလို့
မရှိခိုးနိုး မလှစုန်းယိုး
လူဆိုးမဟုတ် သူခိုးမဟုတ်
အဲဒီ့မဟုတ်မခံမျက်နှာပေးကြောင့်
မင်းဆိုလူမုန်းများခဲ့တာ
တစ်ယောက်မျက်လုံးထဲ တစ်ယောက်ဖောက်ဝင်သလို
တစ်ယောက်ရင်ထဲ တစ်ယောက်ခွဲကြည့်သလို
ငါ့အနား မင်းအမြဲရှိခဲ့တာ
ခုနေခါ ဖွင့်ဟတိုင်ပင်စရာပျောက်ပေါ့
ကြုံသမျှတွေ့သမျှ ကြေမွနေလည်း
လောကအပေါ် သရော်တော်တော်
ပျော်စရာလို သဘောထားလို့
ဆီမပါ ပြားမပါ ထမင်းပူပူကြီး ဆားဖြူးလို့
ရက်ရက်စက်စက် မင်း ပွေ့ဖက်သွားခဲ့
သေခါနီး
ဘာတစ်ခုမှ မလုပ်တော့ဘဲ
လမ်းတကာ ဆိုင်တကာလှည့်လည်လို့
သောက်စားခြင်းမှာပဲ မင်းပျော်ဝင်နေတော့
မသွေးဘဲထားတဲ့ဓားလို မင်းအတွေးအခေါ်
မင်းကိုယ်တိုင်အရည်ဖျော်လို့
အဟောသိကံလို့ပဲ သဘောထားရတော့မှာလား
သူငယ်ချင်း
အခုတော့မီးပျက်သွားတဲ့ဇတ်လမ်းလို
အခန်းဟာလေထဲမှာ တိုးလို့တန်းလန်း
နှစ်သစ်ရဲ့ဆန်းစတစ်ရက်မှာ
လူ့ဘ၀ကို မင်းလက်ပြထွက်ခွာသွားခဲ့ပြီ
ဘာတွေရင်းလို့ ဘာတွေရခဲ့လည်း သူငယ်ချင်း
မြို့သစ်ရဲ့ ညချမ်းတွေထဲ မင်းငါ့ကိုထားခဲ့ပြီပေါ့
ကဖေးဆိုင်မှာ အဝေးပြေးဂိတ်မှာ
သေတင်းကုတ်မှာ ဘူတာရုံမှာ
မင်းကို ငါရှာတယ်
ပျောက်ဆုံးသွားတဲ့ အိပ်မက်ကို ရှာသလို
နတ်ဝှက်ထားတဲ့ တို့ရဲ့ငယ်ဘ၀ကို ရှာသလို
မင်းကိုငါရှာတယ်။
မဖြစ်နိုင်မှန်းသိသိနဲ့
မင်းကိုငါတမ်းတမိပါရဲ့
ပြန်ထခဲ့ပါတော့ သူငယ်ချင်း
တို့တစ်တွေဘ၀ကို တစ်ကပြန်စကြရအောင်။ ။
ဟန်နရီမိုး
(အမှတ် ၂၊ မတ်လ၊ ၂၀၀၈)
(ကဗျာအတွက် ကဗျာဆရာဟန်နရီမိုးနဲ့ စပယ်ဖြူ မဂ္ဂဇင်းကို အထူးတလည် ကျေးဇူးတင်ရှိပါတယ်)
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...