Tuesday, January 10, 2012

လိပ်ပြာ ၂

ကျွန်တော့် အဆုတ်က

သူတစ်ပါးနှာခေါင်းနဲ့ အသက်ရှုမကောင်းချင်ဘူး။


ကျွန်တော့်ဦးနှောက်က

သူတစ်ပါး အတွေးအခေါ်နဲ့ လူလားမမြောက်ချင်ဘူး။


ကျွန်တော့်နှလုံးသားက

သူတစ်ပါးမျက်ရည်နဲ့ အသက်မရှည်ချင်ဘူး


ကျွန်တော့်နှုတ်ခမ်းက

သူတစ်ပါးသံစဉ်နဲ့ တေးမသီချင်ဘူး။


ကျွန်တော်မျက်နှာက

သူတစ်ပါးအေးရိပ်နဲ့ ချွေးမသိပ်ချင်ဘူး။

ကျွန်တော့်လက်ဖျံရိုးတွေက

သူတစ်ပါးပင်စည်နဲ့ မစည်ပင်ချင်ဘူး



ပြီးတော့…

အသက်တစ်ရာမနေရလည်း

အခက်တစ်ကုဋေမက ပွေရမယ့်ဘ၀မှာ

ဟောဒီ… ကျွန်တော့်လိပ်ပြာက

(ကိုယ်ကောင်းမှ ကိုယ်စံ ကိုယ်ညံ့ရင် ကိုယ်ခံ)

သူတစ်ပါး ကံကြမ္မာနဲ့ ဘယ်တော့မှ ကြွေအန်မကစားဘူး ။


မောင်ခင်မှိုင်း (ချောက်)

ဒီဇင်ဘာ၊ ၂၀၀၉၊ ရနံ့သစ်မဂ္ဂဇင်း

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...