Thursday, December 8, 2011

ဆောင်းရာသီစောတဲ့ မြို့လေးမှာ နေသာရဲ့လား ဒီဇင်ဘာ…။


ဒီဇင်ဘာ…

မင်းအိမ်ရှေ့လမ်းတွေမှာ နှင်းခဲတွေကြွေနေလား

နှင်းပွင့်တွေဝေနေလား…

ဒီဇင်ဘာ…

လက်ဖ၀ါးတွေအချင်းချင်း

နွေးနွေးထွေးထွေးနှုတ်ဆက်…

ဒီဇင်ဘာ….

တောင်ကုန်းမြင့်မြင့်

ထင်းရူးပင်လွင့်လွင့်…

မွေးမြေက တောင်ခိုးတွေလွင့်လွင့်ဝေေ၀

ဒီဇင်ဘာ…

ကမ္ဘာခြားတဲ့နှလုံးသားတွေကို

ကမ္ဘာပြားတဲ့မေတ္တာတရားဖြစ်အောင်ရေးခြစ်တတ်သူ

ဒီဇင်ဘာ

မေတ္တာတရားရဲ့ အလျားအနံ့ကို

လတ္တီတွစ်၊ လောင်ဂျီတွစ်.. မလွတ်စေတဲ့သူ…

ဒီဇင်ဘာ…

အသက်ရူလိုက်တိုင်း..

နှလုံးခုန်တိုင်း..

ကမ္ဘာကြီးတိမ်းစောင်းတိုင်း

အနူမြူစီမံကိန်းတစ်ခုလို… စိုးရိမ်နေမိတယ်…

ဆောင်းရာသီစောတဲ့မြို့မှာ

နေသာပါ့ရဲ့လား … ဒီဇင်ဘာ…။

မိုးလှိုင်ည


မနိုင်းနိုင်းစနေ မွေးနေ့ အမှတ်တရ..။

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...