Saturday, December 17, 2011

December 31


ကျွမ်းသွားတဲ့ မီးသီးတစ်လုံးလို့

၂၀၁၁ ဆိုတဲ့ ခရစ်နှစ်ပြက္ခဒိန်တွေလည်း

မလင်းလက်နိုင်တော့…

မနက်ဖြန် ပြောင်းသွားမယ့်နှစ်တစ်နှစ်

မနေ့ကတော့ကျန်ခဲ့တဲ့နှစ်တစ်နှစ်….

ငယ်ငယ်ကဆို

မျှော်လင့်ချက်တွေ အသစ်ဖြစ်မိတယ်

နောက်လာမယ့်နှစ်မှာ ပိုကောင်းအောင်နေမယ်

တကယ်တော့ အဲလိုတစ်နှစ်ပြီးတစ်နှစ်ပေါ့

ဘယ်မှာ ပိုကောင်းလာလို့လည်း…

ကိုယ့်အကြောင်းနဲ့ကိုယ်မှ…

နှစ်ကာလတွေ ခေတ်စနစ်တွေမကောင်းတာလို့

တရားခံရှာမိတယ်…

ဘာပဲဖြစ်ဖြစ် မျက်စိမှိတ်ပြီး ဒြပ်မဲ့ အရာတွေပေါ်

အပြစ်တင်မိတာ ကိုယ့်အတ္တအတွက်တော့ ထွက်ပေါက်ပဲပေါ့

အခုတော့ နှစ်သစ်ကူးလေညှင်းမှာ

ဘီယာချမ်းတွေ ဈေးကျနေတာကို ၀မ်းသာမိတယ်

နောက်မနက်မှာ ရောက်မယ့် နောက်တစ်နှစ်အတွက်

စိတ်ထဲမှာ ဘာမှမပြင်ဆင်ဖြစ်ဘူး….

လာမယ့်နှစ်လည်း အရင်းအတိုင်းပဲလား…

လွန်ခဲ့တဲ့နှစ်နှစ်ကတော့ ဆိုနီကုမဏီလုပ်လို့

၂၀၁၂ မှာ ကမ္ဘာပျက်မဲ့အကြောင်း စိတ်ဝင်စားမိသေးတယ်

အခုတော့ ပျက်ပျက် မပျက်ပျက်

အားလုံးလည်း စိတ်အေးလက်အေး…

ဒီဇင်ဘာ နောက်ဆုံးညမှ မီးလင်းဖိုနဲ့ နွေးထွေးနေမယ့် လူတွေ

ဝိုင်အရက်တွေနဲ့ ပျော်မြူးနေမယ့် လူတွေ

မီးတွေ လင်းထိန်အောင်ထွန်းပြီး

ကားဟွန်းတွေ အကျယ်ကြီးတီးနေမယ့် လူတွေ

တချို့ကပျော်ကြမှာပါ

တချို့က အော်ကြမှာပါ..

ငယ်ငယ်က ဆို နှစ်တစ်နှစ်စတိုင်း ရွှေတိဂုံကိုတက်ဖူးဖြစ်တယ်

အခုတော့ မရောက်ဖြစ်တာ နှစ်တွေလည်းကြာပြီ

ဒီဇင်ဘာည တွေဟာ တခြားညတွေထက်

နည်းနည်းတော့ ပိုအသက်ဝင်တယ်…

ကောင်းချီးတေးသံတွေ

ဆုတောင်းရေရွတ်သံတွေ

ကျေးဇူးတော်ညစာစားပွဲတွေ

ဖန်ခွက်သံဇွန်းသံ ရယ်သံချိုချိုတွေ

ကမ္ဘာသစ်ကိုကြိုဆိုမယ့်လူတွေနဲ့

နောက်ထပ်လာမယ့် ၂၀၁၂

ကမ္ဘာကြီးက လူဦးရေ သန်း ၇၀၀၀

အဟာရပြည့်ဝတဲ့ အစားအသောက်မရနိုင်တဲ့

လူသန်းတစ်ထောင်…

တစ်နှစ်ကူးလို့မှ မထူးတဲ့ဘ၀တွေနဲ့

ကမ္ဘာကြီးပေါ်မှာ အပျော်အတွေ မုန်းတိုင်းထဲက

ဖယောင်းတိုင်သာသာပေါ့…။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...