Tuesday, February 8, 2011

သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတ (New Version 2011)

တကယ်သေနေတာ သစ်ရွက်တွေချည့်ပဲ မဟုတ်ဘူး
ပိုး ပုရွက်တွေ ပလူကောင်လေးတွေ ငှက်ပေါက်စ လေးတွေ ချည့် မဟုတ်ဘူး
တောထဲ မြို့ပေါ် အလေ့ကျ အကောင်ပလောင်နဲ့ အိမ်မွေး တိရစ္ဆာန်တွေချည့် မဟုတ်ဘူး

တကယ့်လူတွေ သေနေကြတာ
ခင်ဗျာ့လို ကျနော်လို အသွေးနဲ့အသားနဲ့ ဥဏှောက်နဲ့
နောက်ပြီး နှလုံးသားနဲ့ ဘဝတွေ ကိုယ်စီနဲ့

အဲသလို အသိဥာဏ်ရှိခဲ့ပြီးမှ
အသိဥာဏ် မရှိသူတွေလို အလွယ်တကူ သေကြေပျက်စီးရ

အသိဥာဏ်တွေက စီရင်ထုတ်လုပ်လိုက်တဲ့ အသိဥာဏ် အတုတွေနဲ့
မှတ်ဥာဏ် ဘဏ် chips ဆိုတာတွေ နဲ့ အသိဥာဏ်ရဲ့ ကျက်စားရာ ဖီလိုဆိုဖီ (ခေါ်)
ဒဿန ပေါင်းစုံတွေရဲ့ ထွေပြားမှုတို့အပြင် ဥာဏ်ရည်ဥာဏ်သွေးကို အလွဲသုံးစားပြုမှုများက
ထုတ်လုပ် ဖန်တီး တင်ဆက်လိုက်တဲ့ ဒီနေ့ကမ္ဘာကြီး…

[ တကယ်သေနေတာ သစ်ရွက်တွေချည့်ပဲ မဟုတ်ဘူး
ပိုး ပုရွက်တွေ ပလူကောင်လေးတွေ ငှက်ပေါက်စ လေးတွေ ချည့် မဟုတ်ဘူး
တောထဲ မြို့ပေါ် အလေ့ကျ အကောင်ပလောင်နဲ့ အိမ်မွေး တိရစ္ဆာန်တွေချည့် မဟုတ်ဘူး

တကယ့်လူတွေ သေနေကြတာ
ခင်ဗျာ့လို ကျနော်လို အသွေးနဲ့အသားနဲ့ ဥဏှောက်နဲ့
နောက်ပြီး နှလုံးသားနဲ့ ဘဝတွေ ကိုယ်စီနဲ့

အဲသလို အသိဥာဏ်ရှိခဲ့ပြီးမှ
အသိဥာဏ် မရှိသူတွေလို အလွယ်တကူ သေကြေပျက်စီးရ ]

အဲသလို
ဒီနေ့ကမ္ဘာကြီး…
ဖိုက်တယ်
မိုက်တယ်
ခိုက်တယ်
ကြိုက်တယ်

အဲ.. ကိုယ်တိုင်တော့ ဝင်မက ပါရစေနဲ့
ဒီဗွီဒီ အခွေအဖြစ် ထွက်လာရင် ဝယ်ယူ အားပေးမယ်လေ…။ ။


ခင်အောင်အေး
၇၊ ဖေဖော်ဝါရီ၊ ၂၀၁၁ ရနောင်း ၁၃း၁၀ နာရီ

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...