Tuesday, February 8, 2011

ဒီအဖြစ်က ငါတို့လွန်မြောက်ပါ့မလား….။

အပြင်မှာ အေးနေတုန်းပဲ

ငါ့မီးလင်းဖိုပေါ်မှာမိုးသားစိပ်စိပ်ရွာတယ်

ဘယ်လိုမှမနိုးထချင်လို့ မနက်ခင်းကိုအပျင်းကြီးကြီး

ပိတ်ကားစီးထားလိုက်တယ်

ငါ…

အိပ်မက်နဲ့အေးခဲသွားတဲ့နာရီလက်တံအတိုင်း

ဒီအချိန်ထိတော့သာသာယာယာပဲ

ငါဟာ

ဆာလောင်မှုနဲ့ငိုက်မြည်းနေလို့

တစ်ခါတစ်လေမသက်မသာလောင်မြိုက်နေတုန်း

ဘယ်လိုလည်း

ဒီအဖြစ်ကလွတ်မြောက်ဖို့.. ငါဟာ

အိမ်ရှေ့အလံတိုင်မှာ ယုံကြည်မှုကိုမလွှတ်တင်နိုင်သေးဘူး

ပန်းချီကားတွေဟာ ပိုးမျှင်တွေနဲ့ပိုလှသလိုထင်ယောင်ထင်မှား

ပြန်မလာတော့မယ့် မျှော်လင့်ချက်တွေကို

ဝေး၀ါးနေတဲ့ပြတင်းမှန်သားပေါ်ကလှမ်းငေးတယ်

နှစ်ကာလတွေဒီလိုဖြတ်ကျော်နေကျ

သူမဆီမှာတော့ အိပ်မက်တွေသစ်လွင်နေလိမ့်မယ်…

ချစ်တတ်တဲ့စိတ်တွေနဲ့ ငါခေတ်နောက်ကျကျန်ခဲ့တယ်

မလိုအပ်မာန စကားလုံးတွေနဲ့

အတ္တတွေထိုင်းမှိုင်းဝေလွင့်ခဲ့တယ်

စီးကရက်မီးခိုးတွေစိုးထိုင်းဆနဲ့

ငါ့အခန်းကျဉ်းထဲကခေတ်ဟာ

ပဒေသရာဇ်ဆန်တုံးပဲ…

ဒီအဖြစ်တွေကလွတ်မြောက်ဖို့

ဟင်းလင်းပွင့်ကောင်းကင်ကို မမြင်မစမ်းငါ့အတောင်ပံတွေ

ထမ်းတင်ခွင့်ရပါ့မလား…

ဒီတစ်ခေတ်ကလွတ်မြောက်ဖို့

ငါဟာကျောက်မီးသွေးတွင်းထဲကဘ၀အဓိပ္ပါယ်ကို

သေချာမောင်းနှင်နိုင်ပါ့မလား…

မနိုင်မနင်း ၀န်တင်အားတွေနဲ့

ငါ… မနက်ခင်းကိုပိတ်ပြစ်လိုက်တယ်…

ဘယ်တော့ဖြစ်ဖြစ် လွတ်မြောက်ရေးလမ်းစဟာ

အန္တရာယ်များတုန်းပဲ….

အတ္တကြီးတဲ့အမှောင်ကိုမျှားပြီး…

ငါကတော့ဘာမှမဖြစ်သလို့… ဒီခေတ်ထဲ…။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...