Wednesday, August 11, 2010

ပြတင်းပေါက်ဟာ အချိန်ရှိသမျှ ရှုခင်းထဲကိုတိုးဝင်လို့…

ပြတင်းပေါက်ဟာ အချိန်ရှိသမျှရှုခင်းထဲ ကိုတိုးဝင်နေ
မြင်းကွင်းက တစ်ဖက်လပ်နေတော့.. တစ်ဖက်လပ်မြင်ကွင်း
လူအုပ်ထဲကို ချိုင်းထောက်တစ်ဖက်နဲ့ တိုးတိုးဝင်လာ
တဖြည်းဖြည်း ရောနှောသွားတော့ နောက်ဆုတ်လို့မရတော့ဘူး
နောက်ပြန်လှည့်လို့ဖို့မရေရာတော့ဘူး….
တဖြည်းဖြည်း တရွေ့ရွေ့ဆက်တိုးနေရ
မြင်ကွင်းဟာ ပြတင်းပေါက်ထဲအလုအယက်တိုးဝင်
မိုးကောင်းကင်တစ်ခုလုံးဟင်းလင်းပွင့်ထားတော့
ကြယ်စုတွေဆီတိုးဝင်…
ဆက်လက်တိုးတက်ဖို့ရည်ရွယ်လုပ်ဆောင်ချက်များ
စာအုပ်ပုံကြားတိုးဝင်သွားလိုက်
သူတစ်ကိုယ်လုံးပျောက်ဆုံးသွားပုံ
လူသတ်ပြီးရင်ထွက်ပြေးလို့မလွတ်တော့ဘူး
ဗီဒီယိုဇာတ်ကားထဲက ဒိုင်ယာလော့က ထွက်ကျလာတယ်
ဖန်သားပြင်ထဲတိုးဝင်လိုက် တဖျတ်ဖျတ်လှုပ်ခတ်
ခရစ္စတိုဖာကိုလံဘတ်စ်ဟာ မြောက်အမေရိကကိုမတွေ့ရှိရင်
ဘာကိုမှမတွေ့ရှိသူဖြစ်သွားမလား…
ပင်လယ်ထဲကို ဆက်လက်တိုးဝင်
မုန်တိုင်းထဲကိုဆက်လက်တိုးဝင်
အဖေ့စာအုပ်စင်ပေါ်က အတွေးအမြင်စာစဉ်တွေ ခိုးဖတ်တုန်းက
ကမ္ဘာကြီးကို ကယ်တယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မပါဘူး
ဆက်လက်တိုးဝင် … လူကြားထဲကို ဆက်လက်တိုးဝင်
ဘ၀ထဲကို ဆက်လက်တိုးဝင်
အဆုံးအရှုံးတွေကြားမှာ ကျောက်ချမထားနဲ့
ဆက်လက်တိုးဝင်
သေခြင်းတရားက လမ်းဖယ်မပေးလည်း သံသရာထဲကို ဆက်လက်တိုးဝင်သွားလိုက်
ပြတင်းပေါက်ကို ရှုခင်းမှာတပ်ရိုက်လိုက်
ခန်းဆီးစတစ်ချို့ လေပြေတွေကို လှုပ်ခတ်လိုက်
ပြတင်းမှန်ကနေ လေါ်ရာင်တွေ တိုးဝင်ရောက်လာ…
ပန်းချီကားဟာ ဘယ်တော့မှဆွဲမပြီးတော့ဘူး.. အရောင်တွေက
ကင်းဗတ်စပေါ်တိုးဝင်လို့…။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...