Friday, August 6, 2010

လွမ်းတယ်ရန်ကုန်

ညနေစောင်းရဲ့ နေဆည်းဆာနဲ့
အန္တလန်တိတ် သမုဒ္ဒရာက
ဖြတ်တိုက်လာတဲ့ လေးညှင်းလေးက.
အရင်အချိန် ဖြတ်လျှောက်နေကျ..
ငမိုးရိပ်ချောင်းဘေး..
လေနုအေးအေးနဲ့
မင်းကို အလွမ်းပိုစေတယ်.. ရန်ကုန်..

ယာဉ်စီးသူ ရှားပါးပြီး..
အဲကွန်း အပြည့်တပ်ထားတဲ့
ဘတ်စ်ကားတွေ စီးရင်း..
မထသ၅၂ နဲ့ ငါမမှတ်မိတော့တဲ့.
အမြန်ယာဉ်တွေ ဖြတ်မောင်းနေကြ..
လမ်းမတွေနဲ့..
လူနံ၊ ချွေးနံ၊ ပေါင်းစုံကြား
အော်ဆဲ ငေါက်ငန်းနေတဲ့ စပယ်ယာအကြောင်း
သတိယရင်း မင်းကိုလွမ်းတယ် ရန်ကုန်..

ည အိမ်ပြန်ရောက်လို့
ခလုပ်ဖွင့်တိုင်း လင်းတတ်တဲ့
ဒီမီးလုံးတွေကြားမှာ..
ဟိုနားတစ ဒီနားတစ ထိန်ထိန်လင်းနေတတ်တဲ့
မြို့တော်ရန်ကုန် ဆိုတာကြီးကို
တသသနဲ့ လွမ်းတယ်..ရန်ကုန်..

စတားဘတ် ကော်ဖီဆိုင်က
သင်းပျံ့တဲ့ ကော်ဖီကို သောက်နေရင်းနဲ့
ပန်းဆိုးတမ်းလမ်းဘေးက
ခနော်ခနဲ့ ထိုင်ခုံများနဲ့..
တလိပ်တည်းသော လန်ဒန်လေးကို
တူတူဖွာရှိုက် သူငယ်ချင်းများကို
အမှတ်ယရင်း မင်းကိုလွမ်းတယ် ရန်ကုန်..

လမ်းမလယ်မှာ
တယောက်တည်း လျှောက်သွားရင်းနဲ့..
ငြင်းခုန်ပျော်ပါး..
ရူးသွပ်ခဲ့တဲ့.. အင်းလျားပေါ်က
အဖြစ်အပျက်တွေ စဉ်းစားမိရင်း
မင်းကို အလွမ်းပိုစေတယ် ရန်ကုန်..

ှဗိသုကာ လက်ရာမြောက်တဲ့
ခိုင်ခန့်ကြီးမား ဘုရားကျောင်းတွေကို
မော့ကြည့်ရင်းနဲ့..
နှစ်ခြင်းခံခဲ့တဲ့..
တထီးတည်းပေမဲ့.. ကဗျာများစွာ..
စာများစွာ ဖွဲ့ဆိုခဲ့တဲ့ ဂျပ်ဆင်ဘုရားကျောင်းကို
ပြန်မြင်ယောင်ရင်း
မင်းကိုလွမ်းတယ် ရန်ကုန်...

ဖြစ်နိုင်ရင်လေ ငါ့လက်နှစ်ဖက်ကို
တောင်ပံလိုဖြန့်..
အမြန်ဆုံးနုန်းနဲ့..
ငါအပြေးလာတွေ့ ချင်ပါတယ်.. ရန်ကုန်ရယ်..

လားရှိုးသူ..

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...