Sunday, April 26, 2009

ကားမှတ်တိုင်နဲ့တူတဲ့ကောင်လေး


ကားမှတ်တိုင်တစ်ခုမှာ
ဘယ်ကိုမှသွားဖို့မရည်ရွယ်ဘဲထိုင်မိတုန်းက
ကျွန်တော်ကားမှတ်တိုင်လေး
ဖြစ်သွားခဲ့ဖူးတယ်…

ရည်ရွယ်ရာတစ်ခုစီကို
သွားဖို့လူတွေ ခဏထိုင်ဖို့
စောင့်ဆိုင်းဖို့
မိုးခိုဖို့
နေပူရှောင်ဖို့
လေလွင့်သူတွေ
တစ်ညတစ်လေလာအိပ်နေဖို့

ကျွန်တော်ဟာ
ဘတ်စ်ကားမှတ်တိုင်လေးတစ်ခုပါ…။

မိုးလှိုင်ည

8 comments:

  1. ကဗျာဆရာမောင်မျိုးမွန်ရဲ့
    မှတ်တိုင်စောင့်တဲ့ကဗျာ ကို သတိရသွားမိတယ်..

    ကောင်းလိုက်တဲ့ အတွေးလေးပါ

    တို့သွားချင်တဲ့ခရီးကို ရောက်နိုင်တဲ့ ဘတ်စ်ကကြာလိုက်တာ

    ReplyDelete
  2. ဒါဆို မှတ်တိုင် နှစ်ခု အဲဒီ ညကရှိနေတာပေါ့နော်။ ကောင်းလိုက်တာ

    ReplyDelete
  3. ဆေးချတဲ့လူတွေအတွက် နေရာပိုရနေ ဦးမယ်။ နောက်တာနော်။ စိတ်မစိုးရဘူး

    ReplyDelete
  4. ခဏထိုင်စောင့်လိုက်ဦးမယ်ဗျာ... အညောင်းပြေ အညာပြေပေါ့... :D

    ReplyDelete
  5. ဦးမိုးလှိုင်က ကျွန်တော်ခံစားချက်တွေကိုပဲ ဦးဦးနေတယ် ဟွန်း

    :)

    ReplyDelete
  6. ကျွန်တော်ကတော့ လိုရာခရီးကိုပို့ပေးနိုင်တဲ့ ဘတ်စ်တစ်စီးဘဲ ဖြစ်ချင်တယ်။

    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  7. ကျွန်တော်ကတော့ လိုရာခရီးကိုပို့ပေးနိုင်တဲ့ ဘတ်စ်တစ်စီးဘဲ ဖြစ်ချင်တယ်။

    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  8. လိုင်းကားအဖြတ်
    တစ်ချက်စိုက်ငေး
    မှတ်တိုင်လေးကို... :)

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...