Friday, April 17, 2009

ရုပ်ရှင်

ခေတ်ကြီးကိုအနှေးပြကွက်ထဲ
ထည့်ခလောက်တော့
အရင်တုန်းကကြောက်စိတ်တွေ
အခုထိမပြေသေးဘူး...။
ဇာတ်သိမ်းခန်းမပါတဲ့ သမိုင်းမှာ
အမှန်တရားကဗီလိန်ဖြစ်နေတုန်း
ကိုယ့်ကိုယ်ကို မုန်းဖူးသလား...။
နွေရာသီကို မာတိကာစီဖို့
ငါတို့တွေလမ်းလျှောက်လာတော့..။
ပရမ်းပတာဖြတ်မောင်းသွားတဲ့
ထူးမခြားနားကိုတွေ့တယ်...
မျှော်လင့်ချက်တစ်ခုကိုပဲ လွတ်မြောက်ခွင့်
ပေးပါ...လို့
ငါတို့တောင်းဆိုထားတယ်...
ဇတ်ညွှန်းနဲ့ ဇာတ်ကွက်ကတလွဲ..
မနက်ဖြန်ဟာရက်စွဲမရှိဘူးတဲ့....



မိုးလှိုင်ည

(ပြိုင်တူလင်းတဲ့ကောင်းကင် ကဗျာစာအုပ်မှ)

5 comments:

  1. ကိုယ့်ကိုယ်ကိုယ် တစ်ခါမှ မမုန်းဖူးဘူး.. ခဏခဏတော့ အမြင်ကတ်မိတယ်.. ဦးနှောက်အသိက ဆုံးဖြတ်တဲ့အတိုင်း မလိုက်နာချင်တဲ့အခါတွေမှာတော့ ဒေါသဖြစ်တယ်..

    ကိုမိုးလှိုင်ရော ကိုယ့်ကိုယ်ကိုယ် မုန်းဖူးလားဟင်?

    ReplyDelete
  2. မနက်ဖြန်ဟာ ရက်စွဲမရှိအောင် မဖြစ်ပါစေနဲ့ ဗျာ။ အနာဂတ်တွေနဲ့ လှပနေပါစေ။ တွေး တွေး ရှေ့ ကိုတွေး။ မြင် မြင် အကောင်းမြင်။

    ReplyDelete
  3. ဒီကဗျာကို ဒုတိယမိ ဖတ်မိခြင်းပါ ပြိုင်တူလင်းတဲ့ ကောင်ကင်မှာ အရင်ဖတ်မိခဲ့ပါတယ်။

    ဇာတ်သိမ်းခန်းမပါတဲ့ သမိုင်းမှာ
    အမှန်တရားကဗီလိန်ဖြစ်နေတုန်း...........
    အဓိပါယ်လေးက တော်တော်လေး အတွေးရောက်စေတယ်

    ReplyDelete
  4. ခေတ်ကြီးကိုအနှေးပြကွက်ထဲ
    ထည့်ခလောက်တော့
    အရင်တုန်းကကြောက်စိတ်တွေ
    အခုထိမပြေသေးဘူး... တဲ့ ....

    ကျွန်မနားလည်တတ်သလို နားလည်မိတော့ ဒီစာသားတွေအရမ်းမှန်သလားပဲရယ် ....
    အတွေးတွေအများကြီးပါနေသလိုပဲ ခံစားရတယ် ...

    ReplyDelete
  5. "နွေရာသီကို မာတိကာစီဖို့
    ငါတို့တွေလမ်းလျှောက်လာတော့..။
    ပရမ်းပတာဖြတ်မောင်းသွားတဲ့
    ထူးမခြားနားကိုတွေ့တယ်...."

    အရမ်းကောင်းတယ်..။ဆက်လက်အားပေးနေပါမည်။ (=

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...