မင်းကိုလွမ်းရမှာတောင်
ပျင်းလိုက်တာ..ဖေဖော်ဝါရီရယ်
ရာစုသစ်မှာ ရှားပါးတဲ့
အလေ့ကျပေါက်ပင်တွေလို
စိတ်လေရာ…..
မြင်မြင်သမျှ ကဗျာဖွဲ့လေတော့
နောက်ဆုံးမင်းအကြောင်းတွေ
ရောက်ရောက်လာပေါ့…..
ဒါပေမယ့်ငါမလွမ်းဘူး
အချစ်ဆိုတာကိုခါးမှာချိတ်ထားတဲ့
လက်ကိုင်ဖုန်းလောက်စိတ်မ၀င်စားတဲ့
အသည်းနှလုံးဟောက်ပက်ကို
ငွေရေစက်တစ်ခုနဲ့အစားထိုးထားတဲ့
ခေတ်ပေါ်ကောင်မလေးတစ်ယောက်ကို
ကဗျာဆရာဆိုတာ
ကလေကချေတစ်မျိုးလို့ထင်မှတ်ထားတဲ့
ပတ်ဝန်းကျင်သင်ကြားချက်အရ
ငွေဆိုတာနတ်ဘုရားလို့ကိုးကွယ်ထားတဲ့
မင်းရဲ့အယူဝါဒထဲသိမ်းသွင်းမရလို့
ကဗျာဆရာကိုအောက်တန်းစားပါလို့
အလွယ်တကူမှတ်ချက်ပေးခဲ့ဖူးတဲ့
ဖေဖော်ဝါရီရေ…….
ငါမင်းကိုလွမ်းနေလျက်နဲ့
မလွမ်းဘူးလို့ပဲငြင်းလိုက်တယ်…။
မိုးလှိုင်ည
Friday, June 29, 2007
Wednesday, June 27, 2007
ဒီနေလည်းအမေက ငါ့ကိုထပ်မွေးတယ်
မနက်၆နာရီထိုးပြီ
သားရေထတော့ဆိုတော့
ငါ့မှာမက်လက်စအိပ်မက်ကြီးကိုပစ်ချလို့
မျက်နှာသစ်၊ရေချိုး
ဒီနေ့မှာဘယ်လိုရိုးသားရမလဲ
သားရဲတွေများတဲ့တောနက်ထဲ
ရန်ကုန်ဟာမှော်ဆန်နေတုန်း
ဆီဈေး၊ဆန်ဈေး၊ဒေါ်လာဈေး
ကားဈေးတွေတက်တက်သွားတယ်
လူတွေကဈေးကျလို့
ငါ့ကိုငါလည်းရောင်းမရဘူး
အိမ်ကိုလက်ဗလာနဲ့ပြန်လာတော့
အမေကငါးလေးအိုးကပ်ချက်ထားတယ်တဲ့
အဆာလွန်သင်္ဘောလေးက
အမေ့ဆိပ်ကမ်းမှာရိက္ခာအပြည့်တင်
ဆင်ခြင်မှုမဲ့အလွမ်းတွေလွှင့်ထုတ်
ဒီတစ်နေ့ဇာတ်ရုပ်ကမပီပြင်ခဲ့ပေမယ့်
အမေ့ မေတ္ခ္တာစမ်းကလေးနဲ့
အသက်ရှင်မှုကတစ်ငွေ့ငွေ့အူလို့...။
မိုးလှိုင်ည
သားရေထတော့ဆိုတော့
ငါ့မှာမက်လက်စအိပ်မက်ကြီးကိုပစ်ချလို့
မျက်နှာသစ်၊ရေချိုး
ဒီနေ့မှာဘယ်လိုရိုးသားရမလဲ
သားရဲတွေများတဲ့တောနက်ထဲ
ရန်ကုန်ဟာမှော်ဆန်နေတုန်း
ဆီဈေး၊ဆန်ဈေး၊ဒေါ်လာဈေး
ကားဈေးတွေတက်တက်သွားတယ်
လူတွေကဈေးကျလို့
ငါ့ကိုငါလည်းရောင်းမရဘူး
အိမ်ကိုလက်ဗလာနဲ့ပြန်လာတော့
အမေကငါးလေးအိုးကပ်ချက်ထားတယ်တဲ့
အဆာလွန်သင်္ဘောလေးက
အမေ့ဆိပ်ကမ်းမှာရိက္ခာအပြည့်တင်
ဆင်ခြင်မှုမဲ့အလွမ်းတွေလွှင့်ထုတ်
ဒီတစ်နေ့ဇာတ်ရုပ်ကမပီပြင်ခဲ့ပေမယ့်
အမေ့ မေတ္ခ္တာစမ်းကလေးနဲ့
အသက်ရှင်မှုကတစ်ငွေ့ငွေ့အူလို့...။
မိုးလှိုင်ည
Tuesday, June 26, 2007
ငြီးတွားခြင်း
လေယာဉ်ပျံမစီးချင်ဘူး ငှက်တစ်ကောင်ပဲ
ဖြစ်ချင်ခဲ့တာ..။
သံစဉ်တွေအများကြီးထဲကမှ
တိတ်ဆိတ်တဲ့ဂီတကိုပဲပိုမြတ်နိုးခဲ့တာ
နည်းပညာဈေးကွက်မှာတော့
နှလုံးသားပါတဲ့ရိုဘော့တွေလိုအပ်နေပြီ
လူတွေကနှလုံးသားမဲ့နေလို့
ဆေးစက်မကျသေးတဲ့ကင်းဗတ်စပေါ်က
ပကတိအရှိတရားတစ်ခုတွေရှိမိတော့
ဆိုကရေတီးရဲ့အဆိပ်ခွက်ကို
လုယက်သောက်ချင်မိတဲ့စိတ်နဲ့
အိမ်ကိုပြန်ရောက်ခဲ့ပေါ့...။
မိုးလှိုင်ည
ဖြစ်ချင်ခဲ့တာ..။
သံစဉ်တွေအများကြီးထဲကမှ
တိတ်ဆိတ်တဲ့ဂီတကိုပဲပိုမြတ်နိုးခဲ့တာ
နည်းပညာဈေးကွက်မှာတော့
နှလုံးသားပါတဲ့ရိုဘော့တွေလိုအပ်နေပြီ
လူတွေကနှလုံးသားမဲ့နေလို့
ဆေးစက်မကျသေးတဲ့ကင်းဗတ်စပေါ်က
ပကတိအရှိတရားတစ်ခုတွေရှိမိတော့
ဆိုကရေတီးရဲ့အဆိပ်ခွက်ကို
လုယက်သောက်ချင်မိတဲ့စိတ်နဲ့
အိမ်ကိုပြန်ရောက်ခဲ့ပေါ့...။
မိုးလှိုင်ည
Monday, June 25, 2007
ကျွန်တော့်ဆရာ
သူ့ဒဿတွေရဲ့စိတ်စိုက်ကွက်ထဲမှာ
ကျွန်တော်ကလေ့ကျင့်ခံကျောင်းသား
နှလုံးသားကိုသန့်သန့်စင်စင်ထားတတ်ဖို့
သူကကျွန်တော့်ကိုမျိုးပွားယူတယ်…..။
သူ့စကားလုံးတွေရဲ့ဓာတ်ပြုမှုထဲမှာ
ကျွန်တော့်အတွက်အလင်းတန်းအသစ်တွေ
အမြင်တွေကျိန်းရှလောက်အောင်
ကျွန်တော့်အတွေးအခေါ်ကခေါင်တယ်…..။
သူ့နဖူးပြင်ကျယ်ကြီးတွန့်ကွေးလာရင်
ကျွန်တော့်အတွက်ဆင်ဆင်ခြင်ခြင်နေတတ်ဖို့
မုန်တိုင်းကြိုနိမိတ်ပုံပဲ
ပြီးရင်သူ့အမြောက်ဆန်တွေအတွက်
ကျွန်တော်ခဏခဏပစ်ကွင်းလုပ်ရတယ်….။
ကျွန်တော်တို့စစ်တလင်းကအပြိုင်အဆိုင်နွဲပြီးရင်
ပန်းတွေကအရိုင်းဆန်ဆန်လှတယ်…..။
နောက်ဆုံးတော့သူ့ခံတပ်ကြီးတစ်ခုလုံး
ကျွန်တော်ကိုလက်လွှဲပြီး
ဒီတိုက်ပွဲမင်းဆက်တိုက်တဲ့…..
ကျွန်တော့်မှာကြောက်သွေးမပြရဲဘူး
သူမွေးခဲ့တဲ့သတ္တိမျိုးတွေက
ကျွန်တော့်ရင်ထဲမှာအပြည့်….။
မိုးလှိုင်ည
(ဆရာတောင်တွင်ယဉ်မင်းကြိုင်သို့ဦးညွှတ်လျှက်

Friday, June 22, 2007
အလွမ်းများရဲ့အိတ်ဖွင့်ပေးစာ
မြူခိုးတွေဝေနေတဲ့မနက်မှာ ကံ့ကော်တွေကသူရဲ့ရနံ့တွေနဲ့
နွေဦးကိုပစ်ပေါက်လိုက်တယ်…..။
ဖြည်းညင်းစွာတိုက်ခတ်လာတဲ့လေပြည်တွေရဲ့နောက်မှာတော့
ရွက်ဝါတွေလှုပ်လီလှုပ်လဲ့ပေါ့…..။
အဲဒီလိုနဲ့မကံ့ကော်ကိုသတိရခြင်းတွေသီးပွင့်လာခဲ့ပြန်ပြီ…..။
ဘယ်လိုမှသီးပွင့်ခွင့်မရခဲ့တဲ့ မကံ့ကော်နဲ့ကျွန်တော်တို့ချစ်ခြင်းကို
လွန်ခဲ့တဲ့အတိတ်တစ်ခုမှာ ကျွန်တော်တို့အတူစိုက်ပျိုးခဲ့ကြဖူးတယ်..။
ရှင်သန်လှုပ်ရှားခဲ့ဖူးတဲ့ရင်ခုန်သံကိုယ်စီနဲ့ ကျွန်တော်တို့မျက်ဝန်းတွေက
အဓိပ္ပါယ်ပြည့်စုံခဲ့တာပဲ...မကံ့ကော်။
ဘ၀ကိုဘ၀နဲ့ရင်းဝယ်ဖို့ကျွန်တော်တို့တွေလက်တွန့်ခဲ့ကြလို့
ခံစားချက်ဘေးဖယ်ပြီးလူသားပြီတဲ့ဝါဒလိုက်လျောညီထွေနေတတ်ကြတာပဲ
ဘယ်တော့မှပြန်မရနိုင်တော့မှသာ သတိရခြင်းသေတ္ပ္တာကိုမကြာခဏထုတ်
ဖွင့်ကြည့်တတ်ကြပေါ့…..။မသင်ပဲတတ်ခဲ့ရတဲ့ အသက်မကချစ်ခြင်းဆိုရင်မမြင်ပဲ
သိခဲ့ရတဲ့အသိကအလွမ်းတွေပဲရှိမှာပါ မကံ့ကော်……..။နွေဦးကတော့ဖိတ်စာမပါပဲ
ရောက်ရှိလာပြန်ပြီ…..ကျွန်တော်ကဘယ်လိုများနှင်ထုတ်ငြင်းဆန်ရက်မှာလဲ
ကျွန်တော့်ရင်ထဲမှာလည်း နှလုံးသားကိုထမ်းပိုးထားခဲ့ရတယ်လေ…..။
ရှင်သန်ခဲ့တဲ့ရာစုနှစ်တွေကဆင်ခြင်မှုတွေနဲ့အဆိပ်သင့်ခဲ့ရတယ်…..မကံ့ကော်
ဘယ်သူ့မှာတာဝန်ရှိမှန်းမသိပေမဲ့
ကျွန်တော်တို့ဆီမှာတော့အိပ်မက်တွေမရှိတော့ဘူး။
တကယ်တော့မကံ့ကော်ရယ် ချစ်ခြင်းဆိုတာကြယ်တံခွန်လိုပါပဲ……..
ခဏလေးမြင်တွေ့ရဖို့နှစ်ပေါင်းများစွာစောင့်စားခဲ့ရပြီး…….
ကိုယ်ဆီကကျော်ဖြတ်သွားတဲ့အခါ ဘယ်တော့မှပြန်မရနိုင်ဘူးဆိုတာ
သေချာနေခဲ့ပြန်ပြီ…..ကျွန်တော့်ရင်ထဲမှာတော့အလွမ်းနဲ့ရင့်မှည့်ခဲ့တဲ့
နှလုံးသားဆိုတဲ့သစ်သီးတစ်လုံး မကံ့ကော်စာသုံးဖိုအတွက်တဲ့
ချိုမချိုဆိုတာကြီုတင်မပြောပြနိုင်ပေမယ့် မကံ့ကော်အတွက်
သီးသန့်ဖြစ်ကြောင်းကိုတော့ ကျွန်တော်ဘ၀တစ်ခုလုံးကို
လောင်းကြေးထားဖို့အသင့်ပါ…….။ဇုခွဲခြမ်းပြီးကတည်းက
ကျွန်တော့်ကိုယ်တစ်ခြမ်းဟာမကံ့ကော်ဖြစ်လာတာပါ
မကံ့ကော်ရင်ထဲကိုပြန်မေးကြည့်ပါ...
နှလုံးသားထဲမှာကျွန်တော်အမည်ရှိနေလိမ့်မယ်…။
ဒါဆိုရင်သေချာသွားပြီ
အချစ်ဆိုတာထောင်ချောက်တစ်ခုသာမဟုတ်ပါစေနဲ့
ကျွန်တော်ဆီမှာနွေဦးနဲ့အတူလွမ်းနေခွင့်တွေရှိသေးတယ်………….

Thursday, June 21, 2007
အာဇာနည်မျိုးသေရိုးမရှိ
နတ်မောက်ရွာဇာတိတဲ့
အမှန်တရားအတွက်
ဓားထက်ထက်တွေထွက်တဲ့နေရာ
သူ့ခေါင်းကခပ်မာမာ
သူ့သွေးကနီစွေးစွေး
ပြည်ထောင်စုကို သူပြန်မွေးခဲ့တယ်
နှစ်ပေါင်းငါးဆယ်ကြာပြီးတဲ့နောက်
သူပျိုးခဲ့တဲ့ အပင်ကြီးလည်း
အတွင်းလှိုက်ပိုးစားလို့
ပြိုလဲဖို့လည်းကြုံလာပြီ
ဒါပေမယ့်
မုန်တိုင်းသံကြားရင်
သူ့သွေးတွေ နိုးကြားလာပြီ
အလင်းတွေနဲ့ လမ်းပြ
ပြည်သူတွေရဲ့ တစ္ဆေအခြောက်ခံရတဲ့ ညတွေကို...။
မိုးလှိုင်ည
(ဗိုလ်ချုပ်အောင်ဆန်းနှင့်အန်တီစုအတွက်ရည်ညွှန်းပါသည်)
ဝန်ခံချက်။ ။ ခေါင်းစဉ်စာသားသည် လက်ကမ်းစာစောင်တစ်ခုမှ ကူးယူအသုံးပြုထားပါသည်။

Tuesday, June 19, 2007
တောင်တက်သမား
၆၄ နှင်းမှုန်ကြား
ငါ့သားကွလို့ ကြုံးဝါးခဲ့တဲ့ ဖေဖေအသံ
၂၀၀၄ ကျောက်တောင်တွေဆီ ပဲ့တင်ပြန်လာတော့
သား ပြုတ်ကျတော့မယ်ဖေဖေ။
အောင်ပင်သာဆိုတဲ့
ကျေးရွာသင်္ချိုင်းကလေးကနေ
မိတ္ထီလာ ကန်ရေပြင်ကို ဖြတ်သန်း
သားကို လှမ်းကြည့်လိုက်စမ်းပါ။
ဟိုအရင်
ဆိတ်ဖလူးပင်တွေကြားထဲ ဆော့ပြေး
ဖေဖေ့ရွှေရောင်အိပ်မက်ကလေးဟာ
ရှေ့တိုးမရ နောက်ဆုတ်မရ
ရုန်းမရ ကန်မရ
ခြေကုန်လက်ပန်းကျလို့
တောင်တက်လမ်းဟာ
မတ်စောက်မြင့်မားခဲ့ပါတယ်။
တောင့်ထားလိုက်
တောင့်ထားလိုက်
နောက်ထပ်ပြိုဆင်းမသွားအောင် တောင့်ထားလိုက်
အသက်အောင့်ထားရတဲ့ နေ့ရက်တွေရှည်ကြာ
လူ့ဘ၀ဆိုတာ
ဘာမှမဟုတ်ဘူး။
နယ်ချဲ့ဆန့်ကျင်ရေး
ဖက်ဆစ်တော်လှန်ရေး
တောင်ညိုဒေသ
ရိုးမတိုက်ပွဲများ
ငရဲခန်းများနဲ့ လုံးထွေးရင်း
သူဌေးသားဘ၀ကို စွန့်လွှတ်ခဲ့တဲ့ ဖေဖေဟာ
နောက်ဆုံး ခေါင်းမာမှုတစ်ခုတည်းသာ ယူဆောင်နိုင်ခဲ့ပြီး
ဒီကမ္ဘာကြီးက ထွက်ခွာမသွားခဲ့ခင်
မျိုးဆက်အပေါ် ဘယ်လောက်အထိ စာနာနိုင်ခဲ့ပါသလဲ။
ဖေဖေက “အနီ” ဆိုရင်
သားက “အပြာ”
ဖေဖေက “ကျည်ဆန်တစ်တောင့်”ဆိုရင်
သားက “သံလွင်တစ်ခက်”
ဖေဖေက “မြေပုံတစ်ချပ်”ဆိုရင်
သားက “ကဗျာတစ်ပုဒ်”
ကျဆုံးမှုတိုင်းကို ငြင်းဆန်ပြီး
ရူံးနိမ့်မှုတိုင်းကို တင်းခံခဲ့ပေမဲ့
ဟောဒီ ညနေခင်းလေးမှာတော့
သားကို ဖေဖေခွင့်လွှတ်ပေါ့
သားပြုတ်ကျတော့မယ် ဖေဖေ။ ။
မိုဃ်းဇော်
(သေတမ်းစာကဗျာစာအုပ်မှ)

Subscribe to:
Posts (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
အစိုးရကိုယ်၌ ကသောင်းကနင်းနှင့် အဓိပ္ပါယ်မရှိ ဖြစ်နေလျှင်၊ မကူညီဘဲ စိုးမိုးအုပ်ချုပ်နေလျှင်၊ ဦးမဆောင်ဘဲ အမိန့်များသာပေးနေလျှင်၊ဤ...
-
အဆုံးမရှိအောင်ကျယ်ဝန်းတဲ့ အမှားထဲ တိမ်တွေကလှလိုက်တာ ကိုယ်မှာတရားနဲ့ဖြေရတယ်။ မောင်သိန်းဇော်
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...