Tuesday, December 31, 2013

ဒီဇင်ဘာ ၃၁။





ဖြစ်ပြန်ပြီ…
ဒီလို ဒီဇင်ဘာ ၃၁ဆိုရင် ကိုယ်ကအူလည်လည်နဲ့
သူတို့ကပဲ ခေတ်မကုန်တာလား
ကိုယ်ကပဲ အသက်မကုန်တာလည်း
အားလုံး အော်အော်နေကြတဲ့
ဟက်ပီးနယူးရီးယားဆိုတာ
ကိုယ်တွေအတွက် တကယ်ဟက်ပီးလို့လား…
ကဗျာကို စာရွက်ပေါ်မှာမရေးတာထက်
ဘာပိုထူးခြားလာမှာလည်း…
လက်ဆွဲလည်းမနှုတ်ဆက်ချင်
ဖန်ခွက်နှုတ်ခမ်းချင်းလည်းမတေ့…
ပြက္ခဒိန်တွေကို ကိုယ်မေ့နေချင်တယ်…
အပြောင်းအလဲတွေရွေ့သွားတာလား
သံသရာတွေလည်နေတာလား…
ကိုယ်ကတော့ အစကတည်း
အကြံအဖန်များတဲ့ ရန်ကုန်မှာနေတယ်
အရင်တုန်းကတော့ တောသားတွေမြို့တက်လာတာပဲ
အခုတော့ ဂျပန်တွေရွာထဲဝင်လာသလိုလို
အင်္ဂလိပ်တွေတက်သိမ်းသလိုလို…
တရုတ်ကိုပြေးပြေးဖက်တဲ့
တရုတ်ပြေးဖက်တွေနဲ့…
အမေရိကန်တွေရောက်လာရင်တပြုံးပြုံး
အမေရိကန်ပြုံးပြုံးတွေနဲ့
၂၀၁၃လည်းပြီးသွားပြီ…
၂၀၁၄ကော ပြီးသွားမှာပါ…
၂၀၁၅ကော အင်း ပြီးသွားမှာပါ..
တအင်းအင်းနဲ့ ပြီးသွားမှာတွေ ပြီးသွားပြီးတဲ့နောက်…
ကိုယ့်ဖျာလေးကိုယ်လိပ် ကိုယ့်အခေါင်းထဲကိုယ်ဝင်
စိတ်ဝိဥာဏ်မှာမှတ် နောက်မြန်မာပြည်ဘက် စုမတေနဲ့ဆိုတာ…။


မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...