Sunday, December 15, 2013

ဒီလမ်းတွေက လျှောက်လို့မဆုံးဘူး။




ဗိုလ်ချုပ်လမ်းအတိုင်းလျှောက်လာပြီး
ဗိုလ်အောင်ကျော်လမ်းပေါ်ကွေ့လိုက်တယ်…
တစ်ယောက်ယောက်များတွေ့မလားလို့
ဘယ်သူမှ ရှိမနေဖူး…
စကားတစ်ခွန်းခွန်းများ ကျန်ခဲ့မလားလို့ နံရံတွေလှမ်းလို့ကြည့်မိတယ်
ကက်သလစ်ဘုရားကျောင်းကြီး
စိန်ပေါအထက
ဝန်ကြီးများရုံး…
ကိုလိုနီအရိပ်ကြီးမိုးလို့…
ရက်ရက်စက်စက် ဖက်ဆစ်တပ်တွေဗုံးကျဲချသလို
ကန်ထရိုက်တိုက်တွေ အပြိုင်းအရိုင်းကုန်းရုန်းထ
ရန်ကုန်မြစ်ကြီးလို ညစ်တီးညစ်ပါတ်ပလက်ဖောင်း
ကိုယ် နှစ်သုံးဆယ်လျှောက်လို့မပြီးသေးဘူး…
ဖိနပ်တွေ တစ်ရံပြီးတစ်ရံပြောင်းတယ်…
ဦးထုပ်တွေ တစ်မျိုးပြီးတစ်မျိုးဆောင်းတယ်
ထီးတွေ တစ်ချောင်းပြီးတစ်ချောင်း လဲကိုင်ခဲ့တာပဲ…
ဒီပလက်ဖောင်းတွေ ခဏခဏပြင်ပြီး
ဘယ်တော့မှလည်း အကောင်းအတိုင်းမရှိ…
စဉ်းစားကြည့်ရင်မတိုက်သေးတဲ့ ခလုတ်နဲ့လည်း
ကိုယ်ကကြိုတင်မိတ်ဖွဲ့ချင်တတ်တယ်…
လွယ်မယ်ထင်တဲ့ လမ်းကိုရွေးခဲ့တာပဲ
မလွယ်ဖူးထင်လို့ နောက်ဆုတ်လို့မလွယ်…
ကိုယ်သယ်လာတဲ့ ဒုက္ခတွေက
ပြက္ခဒိန် ဂဏန်းတွေနဲ့အတူ တိုးတိုးလာတယ်
ဘ၀မှာလျှော့ရက် ဘယ်လောက်ရမှာလည်း
ဒီလမ်းတွေကလျှောက်ရင်းလျှောက်ရင်းမဆုံးတော့ဘူး…။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...