Saturday, December 21, 2013

အလွမ်း။



ပုံမှန်နေ့လေးတစ်နေ့ပါပဲ…
ကိုယ်တိတ်တိတ်ဆိတ်ဆိတ်
မိုးချုပ်သွားတာကို မသိလိုက်မသိဘာသာ
အလွမ်းဆိုတာလည်း
အဲဒီလိုပဲ မသိလိုက်မသိဘာသာ
နာကျင်သွားခဲ့ရတာပဲ…
နာရီကိုလှမ်းကြည့်လိုက်
ဒိုင်ယာရီထဲက
 ပြက္ခဒိန်မှာအမှတ်အသားလေးလုပ်လိုက်
ပြီးတော့ ကော်ဖီသောက်ရင်း
စီးကရက်ဖွာရင်း
လိုင်းကားစောင့်ရင်း
မေ့လျော့သွားတာပဲ
အလွမ်းတဲ့လေ…
တစ်ခါတစ်လေ  
မြစ်ဘက်ကဖြတ်တိုက်လာတဲ့လေပြေတွေလို
အေးအေးစက်စက်
တစ်ခါတစ်လေ
မထင်မှတ်ပဲရွာချတဲ့ မိုးလိုရုတ်ရုတ်သဲသဲ
လူဆိုတာကလည်း
နေ့တဓူဝထဲလူးလာနေရတာ
ကားရှေ့လေကာမှန်က၀ိုင်ဘာတွေလို
တဖျပ်ဖျပ်လှုပ်ခတ်လို့…
အလွမ်းတဲ့လေ…
တစ်ခါတစ်လေ ရုတ်တရက်ဆပ်ပြာရည်ဖြန်းလိုက်သလို
လေးအေးစက်နဲ့ ငြိမ်နေတဲ့အခန်းထဲ
လေမွှေးဘူးက ရုတ်တရက်ရှုးခနဲထမြည်သလို…
မထင်မှတ်ဘဲနဲ့ နှလုံးရပ်မတတ်အလန့်တကြား
ကိုယ်မဖျားချင်တော့ဘူး
ပုံမှန်နှလုံးသားထဲမှာ ချိန်ကိုက်ဗုံးလို
ပုန်းပုန်းမနေပါနဲ့ အလွမ်းရယ်။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...