Thursday, March 15, 2012

တစ်နေ့..


မိုးလင်းတော့..ကိုယ့်ဘ၀လေးကို

ဖုတ်ဖတ်ခါပြီး ထဆွဲလာတယ်..

အသပြာလား ပညာလား အထာမရှိတဲ့မြိုကြီး

အထာမကျတဲ့အနေအထားနဲ့

ဆက်သွား..

လမ်းတွေမဆုံးသေးဘူး

လူတွေခင်းထားတဲ့လမ်းပေါ်မှာ

လမ်းတွေခင်းထားတဲ့လူတွေနဲ့

ကိုယ့်လမ်းကိုယ်ထွင်လျှောက်

ထင်တစ်လုံးနဲ့ ဘ၀င်တစ်လုံးနဲ့

နေပူပူမိုးရွာရွာ တချို့ မနက်တွေမှာ

ကမ္ဘာမကြေဆိုရတာလည်းအမော

အဟောအပြောသမားတွေကလည်း

လေထဲမိုးထဲ

တစ်ရာသီပြီးတိုင်းနောက်တစ်ရာသီအတွက်

ကစားသမားတွေ အပြောင်းအရွှေ့နဲ့

နေ့လိုလို ညလိုလို ဘာမှမလိုရဲတဲ့အခါ

ဘာလိုလိုအချစ်တွေနဲ့ ဘာလိုလိုပဲ ပြီးသွားတော့ပေါ့

ရေမျောကမ်းတင် အိမ်မက်တွေနဲ့

ညဥ့်နက်ခဲ့ပေါင်းလည်းများပြီ

ဆင်ဖြူတော်အဟောင်းအနွမ်းနဲ့

ပြန်မအမ်းချင်တဲ့ယာဉ်နောက်လိုက်တွေကြား

တစ်ခါတစ်ရံ စကားတွေများရသေးတယ်..

ဒါဗင်ချီကုတ်ဇာတ်ကားကို နှစ်ပေါင်းနှစ်ရာကျော်ကြာ

ကြည့်ဖို့ကြိုးစားပြီးတဲ့နောက်

အမြဲတမ်းကြည်ပါတယ်ပြောတတ်တဲ့ ပလက်ဖောင်ပေါ်က

ခွေရောင်းသမားများကို မေတ္တာပို့ပြီးသကာလ

သဗေသတ္တာဝေနေယျအပေါင်းကို ကျန်းမာချမ်းသာပါစေကြောင်း

ပုဒ်မပုဒ်ထီးလေချ

ကန့်လန်ကာပိတ်လို့ရပြီ

လျှပ်စစ်ဓါတ်အားပေး စက်ရုံဆောက်ပေးဖို့ အစီအစဉ်မရှိလို့

အိမ်ရှေ့မီးချောင်းကြီးကိုထွန်းလျှက်သာ အိပ်ဖြစ်တော့တယ်..။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...