Tuesday, December 21, 2010

အသက်သုံးဆယ်ကျော်ရင် ရယ်စရာတွေပါးရှား သွားတယ် မမငြိမ်း…

အသက်သုံးဆယ်ကျော်ရင် လူနဲ့ရယ်မောခြင်းက
မိုင်သုံးရာအကွာမှာ…
လောဘဇောတွေ မောခဲ့သမျှ…
လှေကားထစ်မြင့်မြင့်တွေ ဒေါက်ဖိနပ်မြင့်မြင့်တွေ
စိတ်ကူးထည် အိပ်မက်တွေတဖြည်းဖြည်း သေးမွှားပျောက်ရှ
အသက်သုံးဆယ်ကျော်ရင် ရယ်စရာကိုရှာမတွေ့တော့ဘူး
မမငြိမ်းရေ…

ကလေးလေးတွေ
ဆယ်ကျော်သက်ကောင်လေးတွေကောင်မလေးတွေကို
လိုက်ကြည့်
သူတို့အပျော်တွေ သူတို့ရယ်မောချင်းတွေကိုလိုက်ကြည့်
ဟာသဇာတ်ကားတွေကြည့် ကာတွန်းဇာတ်လမ်းတွေကြည့်
လေပြေတွေနေ၀င်ချိန်တွေ မနက်ခင်းတွေ
သစ်ရွက်ကြွေတာတွေကအစ.. ကိုယ့်အတွက်ရယ်စရာ
ဘယ်နေရာမှ ရှိမနေဘူး မမငြိမ်း

လူကထုံပေပေနဲ့ ဘ၀ဆိုတဲ့ ကစားဝိုင်းထဲမှာ
ကိုယ်ကအနိုင်ရသူမဟုတ်ပဲ လောင်းကြေးသက်သက်
အဲဒီခံစားချက်တွေကို ဘယ်လိုနှစ်သိမ့်မလည်း

မြေလတ်မြို့ကလေးကနေ
ရန်ကုန် ဘန်ကောက် စကာင်္ပူ
ကွာလာလန်ပူ တိုကျို ဆိုးလ်
ရိုးသားတဲ့ပျော်ရွှင်မှုကလွဲ့လို့
ငွေကြေး ဟိုက်တက်စ် နေထိုင်မှုဘဝ
ရင်ဘတ်ဗလာနဲ့အပြုံး
ဖောဖောသီသီသုံးနှုန်းဖြစ်ခဲ့တဲ့ ဘ၀အချိန်တွေ
အထက်အညာက အစ်မယာတဲလေးလိုတော့
ဘယ်လိုအေးချမ်းအိနြေ္ဒရ ငြိမ်ဆိတ်နေမလည်း…
မိုးလင်းတာနဲ့ အမ်အာတီထဲက ဘ၀က
လမ်းကြုံလို့ ဘယ်သူ့ကိုပြုံးပြရမှန်းမသိ
စကာင်္ပူငွေကြေးက လူတွေကို ခံစားချက်နဲ့ဝေးအောင်
သင်ပေးနိုင်ခဲ့တယ် … မမငြိမ်း

ကြယ်ဗလာနဲ့ကောင်းကင်…
မြင်နေရတဲ့နေရတဲ့တိမ်တွေကြား..
အိမ်ပြန်မရောက်နိုင်တဲ့ ညတွေအကြောင်း
ပီဖင်းဂိုးထဲက ညီမလေးအသံ
ကော်နက်ရှင်ထစ်အအထဲက
ဖြတ်စီးလာမယ့် မေတ္တာတရားကို
တမေ့တမော မျှော်လင့် … မမငြိမ်းရေ
လူဘ၀ရဲ့ နှစ်သုံးဆယ် ဖြတ်သန်းမှုက
အထီးကျန်ရလဒ်တွေပဲ ကြွင်းကျန်ရစ်တော့မှာလား…

ခေတ်မှီမြို့ကြီးထဲမှာတော့
ဆောင်းလေနဲ့အေးစက်တောင့်တင်းနေတဲ့
ကွန်ကရစ်ထောင်ချောက်တွေက
ထင်းမီးဖိုထဲက ထန်းမြစ်တွေလောက်
ကျေနပ်နစ်သက်စရာကောင်းပါ့မလား
အသက်သုံးဆယ်ဆိုတာ ဘ၀မှာ သိပ်ရယ်ခွင့်မရတော့ဘူး
မမငြိမ်း….


မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...