Tuesday, December 2, 2008

LG ကဗျာဆရာနှင့် တယ်လီဖုန်းစကား

ခက်ပြီ

ကျွန်တော်မှကျားကစားသလို စကားလုံးတွေကိုမရွှေ့တတ်တာ

ဒါဆိုကဗျာမဟုတ်တော့ဘူးပေါ့၊ခက်ပြီ

ခက်လှပါလား ဘရားသားအင်လောရယ်။

ဟောဗျာ

ပုံသဏ္ဍန်ထဲမှာ အကြောင်းအရာရှိတယ်လား

အကြောင်းအရာတွေဟာ အကြောင်းအရာမဟုတ်ဘူးပေါ့

ဒါဆိုဘယ်လိုလုပ်ရပါ့၊ခက်ပြီ

ခက်လှပါလား ဘရားသားအင်လောရယ်။

အသစ်

ဟုတ်ပြီ၊ အသစ်ကို ကျွန်တော်ချစ်တယ်

အသစ်ကို ကျွန်တော်ကြိုဆိုတယ်

ဘယ်လိုသစ်ရမယ်မသိတာတစ်ခုပဲ။

သင်္ကေတတွေသိပ်မသုံးရဘူးဟုတ်လား

နိမိတ်ပုံတွေကိုလည်း အားမကိုးနဲ့ ဟုတ်လား

ကဗျာဆိုတာ လူ့အဖွဲ့အစည်းထဲမှာ တည်ဆောက်ယူရတဲ့အရာ

ဥပမာ၊ အရင်းရှင်ဝါဒ၊ ကွန်မြူနစ်ဝါဒတို့လို

ကဗျာဝါဒရှိရမှာပေါ့။

ဘာသာစကားဟာ သဘာဝတရားကြီးရဲ့ အလိုဆန္ဒအတိုင်း

ဖြစ်ပေါ်လာတယ်လို့ မခံယူပါနဲ့

ဟုတ်ကဲ့။

ကဗျာထဲမှာလေသံတွေပြောင်းလဲရောထွေးနေရမယ်

ငါ၊ သူတပါး၊ ယောကျာင်္း၊ မိန်းမ၊ မယ်သီလရင် မခွဲရဘူး

ကဗျာဟာ ဘုရားသခင်ရဲ့ ဥပဒေအပြင်ဘက်မှာ ရှိနေရမယ်

ခံစားချက်၊ ထင်မြင်ယူဆချက်တွေကိုငြင်းပယ်ရမယ်

ယုတ္ထိဗေဒကို ထည့်မတွက်နဲ့

အစဉ်အလာကဗျာရေးထုံးကို လွှင့်ပစ်လိုက်

ဟောဗျာ၊ ဒါဆိုဘယ်လိုလုပ်ရပါ့၊ခက်ပြီ

ခက်လှပါလား ဘရားသားအင်လောရယ်

ကျွန်တော်ကရှေးဟောင်းမော်ဒန်သမားပါ။

ပုံသဏ္ဍန်အသစ်

ကဗျာဆိုတာစကားလုံးတွေရဲ့ ရုပ်ဝတ္ထုအစုအဝေးကြီးပဲ

ပုံသဏ္ဍန်သစ်ရမှာပေါ့

ဟုတ်ပြီ၊ ဘယ်လိုပဲဖြစ်ဖြစ်

ပုံသဏ္ဍန်အသစ်ဆို ကျွန်တော်လက်ခံတယ်

ပုံသဏ္ဍန်ဝါဒကို ကျွန်တော်တို့ ထူထောင်ကြမယ်ပေါ့

ဥပမာ

ဟုတ်ပြီ၊ ဥပမာ

ကျွန်တော်ချရေးလိုက်မယ်နော်

က ကာ

ကိ ကီ

ကု ကူ ကေ ကဲ

ကဲ ကေ ကူ ကု ကီ ကိ ကာ က

တောပင်တောလုံးနှံ့ပါလို့လေ

ဟောဗျာ့။

ကား ကံ ကော် ကော့

ကော့ ကော် ကံ ကား

စည်းနဲ့ဝါး စည်းနဲ့ဝါး

အင်း….။

တံတျာတေရှင်

နုပျိုစဉ်က

စည်းနဲ့ဝါး…စည်းနဲ့ဝါး

စည်းနဲ့ဝါးလေး…စည်းနဲ့

ခက်ပြီ။


ပိုင်စိုးဝေ

၁၈.၄.၂၀၀၆

ပိတောက်ပွင့်သစ်မဂ္ဂဇင်း

1 comment:

  1. ဟောဗျာ၊ ဒါဆိုဘယ်လိုလုပ်ရပါ့၊ခက်ပြီ

    ခက်လှပါလား ဘရားသားအင်လောရယ်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...