Thursday, December 18, 2008

အမူးသမား

သွေးပြန်ကြောထဲက

ကဗျာကို

စာရွက်ပေါ်ရေးချဖို့…

ဘေးကျပ်နံကျပ်မနက်ခင်းထဲ

လက်ဘက်ရည်နဲ့စီးကရက်ကိုရွေးမလား

လမ်းစရိတ်ကိုတွေးမလား

အလုပ်အကိုင်ဆိုတဲ့နေရာမှာ

ကဗျာဆရာလို့ထည့်ရေးရင်

မော်ကြည့်လာမယ့်မျက်ဝန်းတွေကို

တစ်ခါတစ်ရံကြောက်မိပါရဲ့

အဆိုးချည်းသက်သက်လောကဓံကို

လည်းပင်းဖက်ကြီးပြင်းလာတဲ့ကောင်ပါ

ရိုင်းတယ်ဆိုရင်လည်း ရိုင်းတယ်ပေါ့…

စိတ်ကို ပခြုပ်ထဲခဏခဏထည့်ထားတယ်

ရုပ်ကတော့လက်လွတ်စပယ်

လွတ်လပ်တယ်ဆိုပြီး

အထင်မကြီးလိုက်ကြပါနဲ့

ကိုယ့်အတ္တကိုယ်

အမြည်းပြန်လုပ်နေတဲ့ အမူးသမား

သံသရာတစ်လျှောက်လုံး

ဒယီးဒယိုင်။


မိုးလှိုင်ည

7 comments:

  1. ကိုယ့်အတ္တကိုယ် အမြည်းပြန်လုပ်နေတဲ့ အမူးသမား
    အဲဒီစာသားလေးအရမ်းကြိုက်ပါတယ်
    ခဏခဏလာဖတ်ခဲ့ပေမယ့် အခုမှ commentရေးဖြစ်ပါတယ်

    ReplyDelete
  2. ကဗျာ တစ်ပုဒ်လုံးကို ကြိုက်တယ်
    အနှစ်သာရနဲ့ ပြည့်ဝတဲ့ ကဗျာတစ်ပုဒ်မို့
    စိတ်ထဲ စွဲသွားတယ်
    ဆက်လက် ရေးဖွဲ့နိုင်ပါစေ

    ReplyDelete
  3. အမူးသမား
    လောကဓံကို ရင်ဆိုင်ဖို့ဆိုရင်
    ဆက်သွားက
    မချစ်ချက်တဲ့အရက်ဖြူကို
    သောက်သောက်ပြီး
    ရဲဆေးတင်ပေါ့။
    အမူးသမား။

    ReplyDelete
  4. ဩော် အမူးသမား အမူးသမား.. စီးကရက်နဲ့ပဲ မနက်ခင်းကိုမီးညှိ.. အတ္တပြာတွေကို ချွေခြပြီး မီးခိုးတွေ မှောင်နေတဲ့ ဘ၀ကို ယိုင်တိုင်တိုင် ၀င်လာခဲ့တယ်..
    ခင်ဗျား ဒီတစ်ပုဒ်ကောင်းတယ် ဦးလေး....

    မောင်သူတော်....

    ReplyDelete
  5. အောက်ဆုံးစာသားလေးကောင်းတယ်ဗျာ...

    ReplyDelete
  6. အမူးသမားကို ကြိုက်တယ် ကိုမိုးလှိုင်ရေ...

    စိတ်ကို ပခြုပ်ထဲခဏခဏထည့်ထားတယ်
    ရုပ်ကတော့လက်လွတ်စပယ်

    စိတ်နဲ့ရုပ်ကို ပေါ်လွင်စေတဲ့ အရေးအသားလေးမို့ ကြိုက်တယ်...အလုပ်အကိုင်နေရာမှာ ကဗျာဆရာလို့ လူတိုင်း ရေးနိုင်တာ မဟုတ်ဘူးနော်... ဂုဏ်ယူလိုက်စမ်းပါ ကဗျာဆရာရယ် :P

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...