Tuesday, July 10, 2007

လွင့်မျောတဲ့ကဗျာ

ငါ့စိတ်တွေဘယ်လိုလွင့်မျောနေလည်း…
ဘာအကြောင်းပဲဖြစ်ဖြစ်မင်းနဲ့ပက်သက်ခဲ့သမျှတွေနဲ့
တိုက်ဆိုင်ပစ်လိုက်တယ်…အဲဒါငါလွမ်းဖို့အတွက်ပေါ့
တစ်နေ့ထက်တစ်နေ့ကွာဝေးနေရမှုကို
ထပ်ခါတစ်လဲလဲဖွဲ့ဆိုနေတဲ့
ငါ့စိတ္တနာမ်အမှုန်အမွှားတစ်စဟာ
မင်းမှမကယ်ရင်ဘယ်လိုမှသုံးမရတဲ့
အတ္တဘောတစ်ခုလည်းဖြစ်တယ်
အခါခါရှုးသွပ်ကြေကွဲမှုကို
ဆိုက်ကိုနူရိုးဆစ်လိုအမည်တပ်ထားတယ်တဲ့
အဲဒီစံလွဲစိတ်ရောဂါသည်အတွက်
အသင့်တော်ဆုံးကုထုံးဟာ
မင်းအပြုံးလေးတွေပဲဖေဖော်ဝါရီ….
ဖြစ်နိုင်ရင်တစ်ချက်လောက်ငဲ့စောင်းကြည့်စေချင်တယ်
ဖြစ်နိုင်ရင်တစ်ခါလောက်ခွင့်လွှတ်စေချင်တယ်
ဖြစ်နိုင်ရင်နောက်ထပ်တစ်ခါလောက်နမ်းရှိုက်ခွင့်ပြုပါဦး…
တစ်ကယ်တော့မဖြစ်နိုင်တာကိုမှ
အသေအကျေတပ်မက်တတ်တဲ့ငါ့အတွက်
ကွဲကြေသင့်တဲ့ငါ့အသည်းနှလုံးကို
ဟောဒီအဆုံးအရှုံးရာစုနှစ်တွေထဲ
တောက်ပစွာလောင်မြိုက်စေခဲ့ပြီးပြီ…။

မိုးလှိုင်ည

Saturday, July 7, 2007

နှလုံးသားမှာအလံတစ်ဝက်ပဲလွှင့်ထားတယ်


ငါတို့ဆုံးရှုံးရတယ်
ဗကသမရှိရင်အမှန်တရားမရှိဘူး…
ကျောင်းသားတွေလောက်ဘယ်သူက
ပြည်သူကိုပိုချစ်မလဲ…
မြန်မာပြည်ရဲ့ပထမဆုံးယူဂျီ
သမိုင်းဝင်အဖျက်သမား
ပညာတတ်လူလိမ်ကိုစမူဆာ
ခြောက်တန်းလောက်တတ်တဲ့
တစောက်ကန်း…လူသရမ်းတွေ
ပူးပေါင်းယုတ်မာကြတော့…
လွပ်လပ်ရေးကိုအမဲဖျက်သလို
နယ်ချဲ့ဆန့်ကျင်ရေး၊ဖက်ဆစ်ဆန့်ကျင်ရေး
အမြုတေအင်အားစုကို
အရှင်လတ်လတ်မြေမြုပ်ခံရတဲ့
ဒီနေ့အတွက်
ငါ့နှလုံးသားမှာအလံတစ်ဝက်ပဲလွှင့်ထားတယ်။

မိုးလှိုင်ည


အမေနဲ့စကားစမြည်

''သား နင့်မလဲ
တစ်နေ့တစ်ခြားပိန်လိုက်တာ''
''ကဗျာအာဟာရနဲ့ သားစိတ်တွေဝနေတာ
အမေမမြင်မိလို့ပါ...''
''သားရယ် ဗိုက်ပြည့်အောင်စား
အိပ်ပျော်အောင်အိပ်ပါလား''
''မဖြစ်သေးဘူး...အမေ
သားက လိုတာထက်ပိုစားရင်
လစ်ဟာသွားရမယ့်အစာအိမ်တွေအတွက်
မသေရုံတစ်မယ်ပဲ သားစားပါရစေ...''
''အိပ်လို့ကလည်း ပျော်မှာမဟုတ်ပါဘူး
အရူးတွေစစ်ဖြစ်နေတဲ့ကာလမှာ
ကမ္ဘာကြီးကို စောင့်ရှောက်ဖို့
၂၄ နာရီပတ်လုံး သောကရောက်နေရတယ်''
အမေက သားကိုချစ်သလို
သားကလည်း ကမ္ဘာကြီးကိုချစ်တယ်
အဲဒီလိုနဲ့ ကဗျာရေးဖြစ်ခဲ့တယ်အမေ...
ဒီဘ၀ကြွေးဟောင်းတွေအပေါ်
ပြန်လည်မပေးဆပ်နိုင်ခဲ့ရင်တော့
အမေ သားကိုခွင့်လွှတ်ခဲ့ဖို့တစ်ခုပဲ
အရေးတကြီးလိုအပ်နေတယ်...အမေ...။

မိုးလှိုင်ည

Thursday, July 5, 2007

မိုးထဲမှာ...ငါ

ဇူလိုင်မိုးတွေက တဖွဲဖွဲတသည်းသည်း မရည်ရွယ်ဘဲ ငါ လမ်းတွေလျှောက်မိနေတယ်။ တစ်ခုခုသိချင်တယ်... တစ်ခုခုရှိနေစေချင်တယ်... အခုတော့ ငါတစ်ယောက်တည်း မိုးရွာထဲမှာ ငါ့ အတွေးမပါဘဲ လျှောက်သွားနေတယ်... ခြေလှမ်းတွေက ညှို့ငင်ယူထားတဲ့ ဆူးလေဘုရားလမ်းမပေါ်မှာ ရန်ကုန်မြို့ကြီးဟာ အမြဲတမ်း ပြောင်းလဲနေတယ်... အနုပညာအပေါ် ဂျစ်ပဆီတွေသစ္စာရှိသလို... ငါလည်း သစ္စာရှိတယ်... ငါ ကဗျာဆရာဆိုတဲ့အတွေးနဲ့...ရန်ကုန်မြို့ထဲမှာ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုတော့ဘူး...virus café မှာ ငါကိုယ်တိုင် ဗိုင်းရပ်စ်သင့်ခဲ့ရတဲ့နေ့ရက်တွေ... ရင်ထဲမှာ ထပ်မံဖွဲ့ဆိုစရာ မလိုတော့တဲ့ ကဗျာတွေ... Berlin Museum ထဲက ပန်းချီကားတစ်ချပ်ကို သတိရတယ်...
"The girl drink wine with gentleman" ကိုယ့်ကိုယ်ကိုShutdown လုပ်တော့ ဖန်သားပြင်က အဖြူအမည်းတွေ တဖျတ်ဖျတ်... ဘ၀ဆိုတာ အက်စကေလေတာစီးသလိုပဲ ကိုယ်ရပ်နေလည်း သွားနေမှာ... အခုမှတော့ မထူးဘူး... တစ်၊ ကိုး၊ ကင်းနဲ့ ထအောပစ်လိုက်တယ်... ငါ မနက်ဖြန် ကံကြမ္မာနဲ့ မျက်နှာမသစ်တော့ဘူး...။

မိုးလှိုင်ည

Wednesday, July 4, 2007

ခရီးဝေး

မှားယွင်းမှုအလွဲတွေကြားက

ကိုယ့်ကိုယ်ကိုရေပုံးကြိုးလိုဆွဲတင်ကြည့်တယ်

ဒါပေမယ့်

ချည်တိုင်ကိုမဖြည်နိုင်သမျှတော့အလကားပဲ…..။

အလေးချိန်တွေတင်စီးခဲ့သမျှ

အင်အားကြီးကြီးနဲ့နစ်နေခဲ့တာ

မလှော်ခတ်ဖြစ်တဲ့နေ့တွေသာ

ရေစုန်မျောကြေးဆိုရင်

ပင်လယ်ဆိုတာဘယ်ဝေးလိမ့်မလဲ…..။

ရုပ်နာမ်နှစ်ပါးကို

ဗော-တံတားလိုချည်နှောင်ထားတော့

ဒီသောင်ဒီကမ်းနဲ့တင်နစ်ခဲ့ရပေါ့

ကိုယ်ကိုယ်တိုင်လှိုင်းမှမဖြစ်ခဲ့တာ…..။

မိုးလှိုင်ည

ဝိပ္ပဿနာ

မှော်ရုံဆိုမှတော့

သမင်ဘယ်ရှိပါ့မလဲ

မရှိခြင်းကိုထမ်းပြန်လာသူဟာ

သမင်စစ်စစ်ရလိမ့်မယ်…..။

မြူကွဲချိန်မှာ

အခါးကိုအခါးမှန်းသိလိုက်ရတာလောက်

ချိုမြသွားတာမရှိမရှိနိုင်ပေဘူး….။

ရေဘူးနဲ့ဖိနပ်ပါရဲ့လား

ရထားက

ဥသြသံမပေးပဲဆိုက်လာတတ်တယ်…..။

တောင်တွင်းယဉ်မင်းကြိုင်

Sunday, July 1, 2007

နေ၀င်နှင်းဆီ


မနက်ဖြန်မနက်မှာ
နွမ်းခြောက်ရတော့မယ်ဆိုရင်
နှင်းဆီရယ်...
မင်းရဲ့အလှအပတွေနဲ့ အင်တိုက်အားတိုက်
ဟောဒီ
ညနေတစ်ခုလုံးကို သိမ်းပိုက်ပစ်လိုက်စမ်းပါ...။

အစွင့်ကားဆုံးရွက်လွှာတွေနဲ့
အ၀င့်ကြွားဆုံးအပြုံး
မင်းကိုယ်မင်းအလှဆုံးလို့ ယူဆလိုက်ပါ...
အဲဒီနောက်
မင်းရဲ့ရနံ့တွေကို ဖွင့်ဖောက်ပြီး
လေပြေတွေကို ယစ်မူးစေလိုက်...

သဘာဝတရားရဲ့ အလှည့်အပြောင်းကို
မာယာတစ်သောင်းနဲ့ လှည့်စားလိုက်ပါလား...
မင်းရဲ့ ရဲရင့်တဲ့ဈာပနကို
ငါ့ရင်ထဲ ထည့်ဖွက်ထားပေးမယ်...။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...