Monday, May 27, 2013

ငါ့ကိုယ်ငါ ခလုတ်ပိတ်လိုက်တယ်။





ငါမလင်းချင်တော့ဘူး
ငါ မပျင်းချင်တော့ဘူး
ငါမငြင်းချင်တော့ဘူး
ငါမလောင်ကျွမ်းချင်တော့ဘူး
ငါမတောက်ပချင်တော့ဘူး
ငါမနာကျင်ချင်တော့ဘူး
ငါ ကျမကွဲချင်တော့ဘူး
ငါ ဖုန်မထချင်တော့ဘူး
ငါ  မယုံရချင်တော့ဘူး
ငါ မကြုံရချင်တော့ဘူး
ငါ မလုံမခြုံမခံစားချင်တော့ဘူး
ငါ ယုံယုံကြည်ကြည်လဲ မနစ်မမြုပ်ချင်တော့ဘူး
ငါ စွဲစွဲလန်းလန်းလဲ အရမ်းမမှားချင်တော့ဘူး
ငါ တမ်းတမ်းတတလည်း နောင်မတချင်ဘူး
ငါ မူမူးရူးရူးလည်း မလေးပင်ချင်တော့ဘူး
ငါ တက်တက်ကြွလည်း လမ်းမများချင်တော့ဘူး
ငါ့ ကိုယ်ငါ မဆုံချင်တော့လို့
ငါကိုယ်ငါ ခလုတ်ပိတ်ချလိုက်တယ်
မှောင်အတိထဲ
ဘယ်လမ်းသွားရမယ် ငါမသိဘူး။


မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...