Saturday, September 29, 2012

ကိုယ်ပိုင်ဘလက်ဟိုး


ဘာမှ မထူးခြားသေးဘူး ဇာတ်ညွှန်းက ကုန်နေပြီ ..။ စာသားတွေက တ၀ဲလည်လည်ထဲမှာ သန်းခေါင်ထက် နက်တဲ့ညတွေ ။ ပြီးတော့ လက်ပြနှုတ်ဆက်သွားသူတွေ  အော်သံခေါ်သံတွေကြား ကိုယ်ဘလက်ဟိုးလေးကိုတော့ ကိုယ်မပိုင် သင့်ဘူးလား  ကျောက်ချထားတဲ့ ကော်ခုံပုပေါ်မှာ လက်ဖက်ရည်ကျစိမ့် တစ်ခွက် အလင်းဖြူဖြူ ရွှေပြည်တော် မျှော်တိုင်းဝေးနဲ့ ကိုယ်တည်ငြိမ်နေလို့ရတာပဲ..။ အိမ်မပြန်သေးဘူးလား ဘယ်သူမှမမေးမယ့်လမ်းမှာ ပြန်စရာအိမ်တွေ ကိုယ့်ဘ၀ထဲမှာ ထည့်မထားလို့ အဲဒီတာဝန်တွေ ကိုယ်ထမ်းဆောင်နေစရာ မလိုဘူးလေ..။ ဘ၀မှာ ဘာမှမရှိပဲ နေလို့ရတယ်ဆိုတာ အရာရာရှိချင်နေတဲ့ လူတွေကမယုံဘူးလေ..။ နာရီတစ်လုံးကို အင်းယျားကန်ထဲ လွှင့်ပစ်ခါနီးက တစ်ယောက်မေးဘူးတယ် နာရီက အကောင်းကြီးကို။ ဒါပေမယ့် ငါအသုံးမလိုတော့ဘူးလေ ဆိုတော့ ခပ်ကြောင်ကြောင် ဟာသလို ကြားတဲ့သူက မရယ်ရဘူးတဲ့..။ တစ်ခါတစ်လေတော့ တစ်ခါတည်းလေနေတာ နှစ်သုံးဆယ်ကြာပြီ။ ဘာမှမခံစားရဘူး ဆိုတဲ့ကဗျာ သူငယ်ချင်းတစ်ယောက်ကို ပေးလိုက်တဲ့ ကဗျာစာအုပ် တစ်အုပ် နောက်ကျောမှာ ပါသွားတယ်.. ။ ကိုယ်လည်း ပြန်ခံစားချင်လို့ မရတော့ဘူး..။ ဘ၀က ကဗျာထဲကလို ပျောက်ဆုံးသွားတာမျိုး ကဗျာက ဘ၀ထဲမှာပျောက်ဆုံးသွားတာမျိုး လောကကြီးက ခပ်ဆင်ဆင်ရယ်ပါ..။ တစ်ခါတစ်ခါတော့ တချို့သူငယ်ချင်းတွေလို ဓါတ်ပုံတွေချည်း လျှောက်ရိုက်ချင်နေတာ..။ ကိုယ်ပျင်းပျင်းရှိတိုင်း စကားလုံးတွေ အများကြီး ချမရေးချင်ဘူးလေ..။ အွန်လိုင်းပေါ်က နေရာလွတ်လေးရှိယုံ ကိုယ်လည်း လူကုံတန်လုပ်လို့ ရတာပဲ .. အနုပညာလေး ဖန်တီးလိုက် လူမှုကိစ္စလေးတွေ ၀င်ရောလိုက်..။ ဘာရယ်မဟုတ်တဲ့ အတိုင်း ကိုယ်သေသွားရင် အဲဒီပါတ်စဝေါ့တွေ ဘယ်မှာ သွားပစ်ထားမလည်း..။ အမွေးစားအမွေခံတွေလည်း မှန်ကန်မှားယွင်းတဲ့ အချက်အလက်တွေ နှစ်ပေါင်းကြာရင်တော့ ရတနာသိုက် ၊ ဒါမှမဟုတ် ရတနာအမှိုက်..။ တကယ်ဆို ကိုယ်အတွက် ကိုယ်ပိုင် ဘလက်ဟိုးလေး ပဲ လိုချင်တယ် ကိုယ် တိတ်တိတ်လေး ထွက်သွားချင်တယ် ပြီးတော့ လူခြေတိတ်ချိန်မှပြန်လာ။ ဘယ်သူနဲ့မှ နှုတ်ဆက်ပြုံးပြစရာ မလိုဘူး.. နေကောင်းလား ထမင်းစားပြီးပြီလား မလိုတဲ့ အနေအထားမျိုး..။ ချိတ်ဆွဲထားတဲ့ ဓါတ်ပုံဟာ ကိုယ်မဟုတ်ဘူး အဲဒါ ဂျိမ်းဂျိုက်..။ အခု ကိုယ့်ရင်ထဲမှာ ပိုင်စိုးဝေရဲ့ တောက်တဲ့တွေ အော်နေတယ်..။ လိပ်စာကဒ်ကို စာအုပ်ကြားထဲညှပ်ထားလိုက်တယ်။ ဟိုရှေ့  မှာကိုဖြိုးလာနေတယ်..။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...