Monday, October 21, 2013

ကမ္ဘာကြီးဟာ ဘယ်တော့မှ ဘာမှမဖြစ်ဘူး ကိုယ်သိတယ်။





တစ်ခါလာလည်း တစ်ခုခုဖြစ်မှာဆိုးတာမျိုးတွေ
တစ်ခါလာလည်း ဘ၀ဟာသွားပြီ…
ကမ္ဘာဟာပျက်ပြီ…
ရန်ကုန်ဟာ နယ်မြို့လေး..
အချိန်တန်ရင်လည်း ရေအောက်ထဲရောက်သွားမှာ
အိုဇုန်းလွှာတွေပေါက်နေပြီ…
ရေခဲတောင်တွေပျောက်နေပြီ…
အပူလှိုင်းတွေဖြတ်နေပြီ…
ဆူနာမီနာဂစ်တွေ ကတ်ထရီနာတွေ…
ဂျပန်နူကလီယားဓါတ်ပေါင်းဖိုကြီး ငလျင်ကြားမှာ
ကျကွဲသွားတယ်…
သက်ရှိတွေ…အတ္တနဲ့ အစိုးရိမ်ကြီးသမျှ…
ကမ္ဘာကြီးကတော့ ဘယ်တော့မှဘာမှမဖြစ်ဘူး….
ကမ္ဘာကြီးမှာ စည်းမျဉ်းတစ်ခုပဲ ရှိတယ်…
နေချင်နေ သေချင်သေ..
အဲဒီတစ်ခုပဲ… ကမ္ဘာကြီးဟာ နေဖို့သေဖို့အတွက်အမြဲရှိတယ်
ဒိုင်နိုဆောတွေလည်း သေတာပဲ…
မျောက်ဝံတွေလည်းသေတာပဲ
ဆင်တွေလည်းသေတာပဲ…
မျောက်တူလူတူတွေပဲသေတာပဲ
ရောမအင်ပိုင်ရာလည်းသေတာပဲ…
အာသောက အင်ပိုင်ရာလည်း သေတာပဲ
ကူဗလိုင်ခန်ကော ဒေါက်တာဆွန်ယက်ဆင်ကော
ဂျော့ဝါရှင်တန်ရော
နေမ၀င်အင်ပါရာကော…
ကမ္ဘာပေါ်မှာ ဘယ်သူမသေဘူးရှိပါလိမ့်
သစ်ပင်တွေလည်းသေတာပဲ
တောင်တွေလည်းသေတာပဲ
ပင်လယ်တွေလည်းရေနစ်သေတာပဲ
မီးတောင်တွေလည်းသေတာပဲ….
ကမ္ဘာကြီးသိတယ်.. ကမ္ဘာကြီးဘာမှမဖြစ်ဘူး
ဆွဲငင်အားရှိရှိ မရှိရှိ…
ရေကိုရှာတွေ့မတွေ့…
အက်တမ်တွေမော်လီကျူးတွေ နူကလိယာတွေ…
ဘယ်ကြိုးဝိုင်းထဲမှာဘေးမဲ့ပေးထားမလည်း…
အခုကမ္ဘာကြီးရှိနေတယ်.. ခင်ဗျားရှိနေတယ်..
သက်ရှိတွေရှိနေတယ်…။
ကမ္ဘာကြီးသိတယ်… တစ်ချိန်ချိန်အားလုံး သေသွားကြမှာ
သိပ်အပင်ပန်းမခံပါနဲ့….
ခင်ဗျားရဲ့မော်လီကျူးတွေ အက်တမ်တွေ. နူကလိယတွေ…။
သိပ်အပင်ပန်းမခံပါနဲ့
ခင်ဗျားရဲ့
ဝိဥာဏ်၊နာမ်ရုပ်၊ဖဿ၊ဝေဒနာ…။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...