Tuesday, October 14, 2014

မင်းစဉ်းစား



ဘာမှမစဉ်းစားတာထက်စာရင်
စဉ်းစားစရာရှိတာကောင်းတာပေါ့
အဲဒီတော့ မင်းစဉ်းစား
မင်းစဉ်းစားတဲ့အခါ စဉ်းစားစရာတွေရှိလာလိမ့်မယ်
စဉ်းစားရင်း စဉ်းစားရင်းနဲ့ ထပ်စဉ်းစားစရာတွေပေါ်လာမယ်
အဲဒီတော့ ပိုစဉ်းစားမိလာမယ်
ပိုစဉ်းစားမိတော့ စဉ်းစားတာလည်း ကျယ်ပြန့်လာမယ်
ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားတော့ နက်နက်ရှိုင်းရှိုင်းပါစဉ်းစားမိလာမယ်
ကျယ်ကျယ်ပြန့်ပြန့်နက်နက်ရှိုင်းရှိုင်းစဉ်းစားတော့
စဉ်းစားတာ အဆုံးအစမဲ့လာမယ်
အဆုံးအစမဲ့စဉ်းစားမိလာတာ
ဘာမှမစဉ်းစားတာထက် ပိုကောင်းတာပေါ့
ဘာပိုကောင်းလည်းဆိုတာ မင်းဆက်စဉ်းစားလို့လည်းရတာပဲ
အဲဒီတော့ မင်းစဉ်းစားပါ…။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...