Sunday, September 15, 2013

၀ိပၸႆနာ



မှော်ရုံဆိုမှတော့ သမင်ဘယ်ရှိပါ့မလဲ
မရှိခြင်းကို ထမ်းပြန်လာနိုင်သူဟာ
သမင်စစ်စစ်ကို ရလိမ့်မယ်…

မြူကွဲချိန်မှာ အခါးကိုအခါးမှန်းသိလိုက်ရတာလောက်
ချိုမြသွားတာ မရှိနိုင်ပေဘူး။

ရေဘူးနဲ့ ဖိနပ်ပါရဲ့လား
ရထားက ဥသြသံမပေးဘဲ ဆိုက်လာတတ်တယ်။

တောင်တွင်းယဉ်မင်းကြိုင်

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...