Saturday, June 2, 2012

ရမ္မက်



ကဗျာက
ငါ့ရဲ့လက်ဝါးကပ်တိုင်
ဝတ္ထုတွေက
ငါရဲ့သမ္မာကျမ်းစာ
သီချင်းတွေက
ငါရဲ့တမန်တော်
ရုပ်ရှင်ရုံက
ငါရဲ့ဘုရားကျောင်း
ငွေစက္ကူတွေက
ငါ့ရဲ့ ဆူးခက်သရဖူ။


ကြည်မောင်သန်း (ဇူလိုင် ၂၀၀၀ ရုပ်ရှင်တေးကဗျာ)

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...