Sunday, December 15, 2013

မနက်မိုးလင်းတော့ ကိုယ်လက်တစ်ဖက်ပျောက်နေတယ်။


ရိုးရိုးရှင်းရှင်းကြီးကိုပါ
မနက်လင်းတော့ ကိုယ့်ညာလက်တစ်ဖက်မရှိတော့ဘူး
အနွေးထည် အကျီင်္ထဲမှာလားလို့ ကိုယ်စမ်းကြည့်မိသေးတယ်
မရှိဘူး..
ညာလက်ကြီးတစ်ဖက်မရှိတာ ဟာတာတာကြီးမို့
ညက စဉ်းစားရင်း နဖူးပေါ်တင်ကျန်ခဲ့လားဆိုပြီး
မှန်ထဲသွားကြည့်သေးတယ်
နဖူးပေါ်မှာလည်းမရှိဘူး
ခေါင်းအုံးအောက်မှာလား…
ဒါလည်းမရှိဘူး…
ပုဆိုးထဲဝှက်ထားမိလားလို့…
ပုဆိုးကိုခါကြည့်တယ်
ဒါလည်းမရှိပြန်ဘူး…
ရိုးရိုးရှင်းရှင်းကြီးပါ..
ကိုယ် ညာလက်ကြီး လက်မောင်းရင်းကနေပျောက်နေတာ
ညာလက်မရှိရင် ကိုယ်စာရေးတဲ့အခါ
ကွန်ပြူတာပေါ်မှာ JKLUIOPNMH ကို
ဘယ်လိုရိုက်ရမလည်း….
ညာလက်ကြီးမရှိရင်ကိုယ် ညာ ဆိုတာကိုတောင်ရိုက်ဖို့ခက်ပြီး
ညာလက်ကြီး ပျောက်လို့ ကိုယ်အမှုဖွင့်လို့မရတာ
ကိုယ်သိတယ်
သိသိချည်း ပျောက်သွားတာကို ကိုယ်ပြောရင်
ညာညာပြောတယ်ပဲထင်ကြဦးမှာ
တကယ် ကိုယ့်ညာလက်ကြီးပျောက်သွားတာ
ကိုယ်ညာလက်ကြီး လက်မှတ်ထိုးလို့မရတော့ဘူး
မြို့ကိုဖျက်လို့ မရသလို မြေသိမ်းစာချုပ်လည်း
လက်မှတ်ထိုးလို့မရတော့ဘူး…
ညာဘက်က တဆုပ်ကျဲလို့ မရတော့
ဘယ်ဘက်က တစ်လှည်းကြီးကိုပဲ လှမ်းလှမ်းဆွဲထားရတာ
ခင်ဗျားကော ညာလက်ကြီးပျောက်ဖူးလား
ပျောက်ဖူးရင် ဘယ်လိုပြန်ရှာလည်း ကျွန်တော့်ကို မညာတမ်းပြောပြပါဗျာ။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...