Wednesday, August 7, 2013

ဆိုင်းငံ့သေဒဏ်..။






မိုးလင်းလာတာနဲ့
အသက်မှန်မှန်ရှုဖို့
ထမင်းမှန်မှန်စားဖို့
ရေမှန်မှန်ချိုးဖို့….
နှစ်ကာလတွေဟာ တရွတ်တိုက်ဆွဲခေါ်လို့
ပြက္ခဒိန်ပေါ်က အနာဖေးတွေခွာချရင်း
တစ်လတစ်လကို
တစ်ဘ၀တစ်ဘ၀ကို အချိန်ကာလနဲ့
လောကဓံရှစ်ပါးကို ဘောက်ချာဖြတ်ရင်း
ကြီးပြင်းခဲ့တယ်
အိုမင်းခဲ့တယ်
သေဆုံးခဲ့တယ်
ယုံကြည်လွယ်အနာဂါတ်ဆီ ရေစုန်မျောဖို့
မနက်ဖြန်နဲ့ နားလည်မှုစာချွှန်လွှာလက်မှတ်ထိုးဖို့
ဈေးကွက်မ၀င်တဲ့ တန်ဖိုးကြီးကြီး သစ္စာတရားကို
အရက်နဲ့မြည်းလို့…
လောကီမှာလည်းမအောင်မြင်
လောကုတ္တရာလည်းမဖြစ်ထွန်း
ထွန်ယက်ရင်းနဲ့ ကောကောသွားတဲ့နှစ်တွေကို
လူဟာသေဖို့အတွက်အကြွေးကျန်နေတယ်…
ဘယ်သူ့ပြစ်ဒဏ်လည်း…
ရှင်ခြင်းမှာနာကျင်ပြီး သေခြင်းမှာအေးစက်ရမယ်
ကိုယ်က ဘယ်ဘုရားဆီမှလည်း အယူခံမ၀င်ချင်ဘူး…
ကျွန်တော်ငရဲကို တစ်လွှာလုံးငှားချင်တယ်
လူဆိုတာ ဆိုင်းငံ့သေဒဏ်နဲ့ အသက်ရှင်နေထိုင်ရတာချည်းပဲ
တစ်ခါတစ်ခါ ကိုယ့် ကိုယ်ကို အပြည့်အ၀နားလည်နိုင်ဖို့လိုတယ်…
ထင်သလောက်လည်း မလွယ်ပါ။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...