Wednesday, November 30, 2011

ကြယ်ကလေးရဲ့ ရယ်သံ


မိုးကုတ်စက်ဝိုင်း အစွန်းမှာ

လ၀န်းက မေးတင်ပြီးကြည့်နေတယ်….

ကြယ်ကလေးရဲ့ ရယ်သံတွေ

ပြည့်နှက်ခဲ့တဲ့ ညကောင်းကင်ထဲ

အလင်းတွေ…

မျှော်လင့်ချက်တွေ…

အနာဂါတ်တွေ…

အမှောင်ထဲက စိန်ပွင့်တွေလို ဖြိုးဖြိုဖျပ်ဖျပ်

“ကြယ်ကလေးရဲ့ ရယ်သံတွေထဲမှာ ငါကြွေသွားတယ်”

ဟင်းလင်းပွင့်ကောင်းကင်ကို ထိစမ်းဖို့

တတိယ ညဉ့်ယံရဲ့ အိပ်မက်တွေမှာ အရူးအမူး

ကြယ်ကလေးက ရယ်တယ်

ခိုးခိုးခစ်ခစ်နဲ့ တကယ့် အစစ်အမှန်အတိုင်းပဲ

ကြယ်ကလေးရဲ့ ရယ်သံတွေကို ဖမ်းဖို့အတွက်နဲ့

ကိုယ့်ကိုယ်ကို အမှောင်ဆုံးဖြစ်အောင်

ထွန်းညှိပစ်လိုက်ရတာတွေလည်း ရှိခဲ့တယ်

ည…က လမသာခဲ့ဖူး

ကြယ်ကလေး ရယ်သံလွင်လွင်တွေ

အဆုံးစွန်ဆုံးထိ ကြားလိုက်ရတယ်

ငါဆိုတဲ့ ကောင်းကင်တစ်ခုလုံးပျက်ကျသွားပေါ့

ဘ၀ကဗလာနယ်ပါ

ကြယ်ကလေးက အထပ်ထပ်ရယ်နေတယ်

ကြယ်ကလေးရဲ့ ရယ်သံတွေထဲ ငါကြွေသွားခဲ့တာ

ဘယ်နှကြိမ်မြောက်လဲ…။


မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...