Monday, October 17, 2011

နှလုံးသားနဲ့လင်းတဲ့လူ

ရာဇ၀င်ထဲမှာ သူရဲကောင်းတွေအကြောင်း

ကြားဖူးတယ်..

သမိုင်းဖတ်စာတွေထဲမှာ

အာဇာနည်တွေအကြောင်းဖတ်ဖူးတယ်

စာစောင်တွေဂျာနယ်တွေထဲမှာ…

ပထမတန်းစား ကမ္ဘာခေါင်းဆောင်တွေကို

တခုတ်တရမှတ်သားဖူးတယ်…

မြန်မာပြည်မှာ မွေးခဲ့တော့

နဖူးတွေဒူးတွေ့…

လူသန်းခြောက်ဆယ် ဒီမိုကရေစီအတွက်

လူဘ၀မှာ ရနိုင်သမျှ ရသင့်သမျှ

သူ့အခွင့်အရေး အကုန်ပုံပေးခဲ့တဲ့လူ..

အားလုံးက ချစ်စနိုးခေါ်တယ် … ကိုပေါ်

ကမ္ဘာတစ်လွှားနဲ့ လူထုကြားမှာ

မင်းကိုနိုင်…

ကျွန်တော့်တကယ့်ဘ၀ထဲက အာဇာနည်

ကျွန်တော့် သမိုင်းဖတ်စာထဲက သူရဲကောင်း

ကျွန်တော် ဒိုင်ယာရီထဲက တကယ့်ခေါင်းဆောင်…

သူ့အမှောင်တိုက်ထဲက မွေးနေ့ဟာ

အားလုံးရဲ့ အနာဂါတ်တွေလင်းဖို့အတွက်…။


မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...