Tuesday, April 26, 2011

မြန်မာပြည် အုပ်ချုပ်ရေး

ဆယ်အိမ်ခေါင်းခြွှေအရံ၊

နှစ်လုံးပြူးသေနတ်ထမ်းပါလို့။

တောလမ်းကပြန်

လက်စွဲတဲ့ ဥပဒေလှန်

ဟန်ပန်နှင့်လေး။

ကျေးရွာအက်အမှုပွေတယ်၊

ဆယ့်နှစ်ထွေသံစုံတီးပါလို့

သူကြီးတဲ့လေး။

လူခွန်တော် အလွတ်ထားလို့၊

ဆယ်အိမ်စားအပိုင်ခြေ။

ကြက်ဝိုင်းဆိုလက်ကိုတို့ပါဗျာ့၊

မူးလို့ရယ်နေ။

ကွမ်းဖိုးငွေ

ဝေစုကွဲရအောင်တောင်း။

ဥပဒေဘာမတတ်သော်လည်း

မှု့ပွေအောင် ရွာကိုပတ်နိုင်ရဲ့

ဘယ်ဇာတ်ဘယ်လိုခင်းလိုက်မယ်၊

မင်းဆယ်အိမ့်ခေါင်း။

သတ္တိဆိုဘာမရှိသော်လည်း

မိုက်ပါဘိငါ့ကိုယ်။

ခွေးမှန်လျှင်လူမမှတ်ပါဘူ့

ရိုက်တတ်သူဗိုလ်၊

မူးတယ်ဟေ့ ရဲရင့်ဆို

မအေကိုကော်ဆဲ။

လက်ထိပ်ကို အဖော်ထားတယ်၊

တောသားတဲ့ဘဲ..။

ယုံတမ်းစကား

ဤသို့လျှင် ဤသူကြီး၊ဤ ဆယ်အိမ်ခေါင်း ၊ ဤရွာသားတို့သည် စည်ဝါးအံကိုက်၍နေလေသောကြောင့် မြန်မာပြည်ကြီး သည် တစ်နေ့တခြား ကြီးပွား တိုးတက်၍ လာလေသတည်း

မောင်ထင်

( မြို့အုပ်မင်းဆို ဘုံရုံကဗျာများမှ) ကူးယူဖော်ပြသည်

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...