Wednesday, March 30, 2011

မိုက်မဲသောအရေးအသား...

မိုက်မဲသော အရေးအသား..။


ပျော်ရွှင်ဖွယ်နေ့ရက်များ။

ချိန်းဆိုးထားတဲ့နေ့တစ်နေ့။

တတိယကမ္ဘာ။

တိတ်ဆိတ်စွာလောင်ကျွမ်းခြင်း။

ရင့်မှည့်နေတဲ့သစ်သီး။

ရပ်ထားတဲ့ ဘတ်(စ်)ကားကြီးများ။

အစားခံလိုက်ရတဲ့ ငါးမျှားချိတ်နှစ်ခု။

ပင်လယ်ရေအောက် ကြမ်းပြင်က နေ့တစ်နေ့။

အဝေးကပေးပို့လိုက်တဲ့ စာတစ်စောင်

လူသိနည်းတဲ့အဖြစ်အပျက် တစ်ခု။

မှောင်ထဲက အပျိုစင်။

မရေးရသေးတဲ့ ကဗျာခေါင်းစဉ်များ

အဓိပါယ်ကတစ်ခုတည်းသာ

ဘာမျှမဟုတ်ပါ။

နေမျိုး

(လူဖြစ်ရတာကောင်းတယ် ကဗျာစာအုပ်မှ)



မိုက်မဲသောအရေးအသား


လူအဖြစ်ရဲ့ ဘာသာဗေဒမှာ

အက္ခရာတွေ ပုံတူပြန်ပြန်ရေးရ

အတွေးအခေါ်တွေ ပုံစံထည့်ရိုက်သွင်းခံရ

လူကြိုက်များနဲ့ ဇာတ်လမ်းဇာတ်ကွက်မျိုး

ကကြိုးကကွက်မျိုး အမြဲတမ်းစမ်းတ၀ါးဝါး

ဖန်တီးတည်ဆောက်..

ဝါကျနဲ့ ကျူးလွန်တဲ့ပြစ်မှုတွေအတွက်

မလိုအပ်တဲ့ အမှန်တရားခပ်များများသုံးစွဲရ

ဘောပင်တွေပေရွက်တွေ

ကျောက်ဆစ်တွေ ပုံနှိပ်စာလုံးတွေ

ကီးဘုတ်ပေါ်က လက်ကွက်တွေ အတိုင်း

ဝလုံးတွေ ခပ်ရိုင်းရိုင်းချရေးပြစ်သလို

ကိုယ့်ယဉ်ကျေးမှုဟာ ကိုယ်မိုက်မဲမှုလား

အနုပညာဟာလူအဖြစ်ကို ကိုယ်ခံအားနည်းစေခဲ့

ကာကွယ်နိုင်သလား ကူးစက်နိုင်သလား

အမှားက မိုက်မိုက်မဲမဲရေးသားမိတာ

ဒါမှမဟုတ် အရေးအသားတွေက မိုက်မဲမိတာ

တကယ်ဆို

မိုက်မဲတဲ့အရေးအသားဟာ

မရေးရသေးတာထက် ပိုမိုက်မဲတယ်.။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...