Sunday, March 13, 2011

ပျော်ပျော်ရွှင်ရွှင် ဝေဟင်ထဲ



မနက်ပြတင်းကို ဆူနာမီသတင်းက တွန်းဖွင့်ဝင်လာ
ဘာလိုသေးလဲ ဒီတနေ့တာ
တောင်မင်းကရေနစ်ပြီး မြောက်မင်းကိုမိုးကြိုးပစ်နေတဲ့
လူသားကမ္ဘာမှာ ဒီတနေ့တာ
ဆုပ်ကပ်ပဲ စုပ်သပ်ရုံမှတပါး လူသားကမ္ဘာမှာ ဒီတနေ့တာ
ကိုယ့်ရှင်ကျန်မှုဟာ ဝမ်းမြောက်ဖွယ်လား သွေးပျက်ဖွယ်လား
လူသားကမ္ဘာမှာ ဒီတနေ့တာ
ပဒေသာပင်ပျောက်တာပဲကြားဖူးပြီး
ပဒေသာပင်ပေါက်တာမမြင်ဖူးတဲ့
လူသားကမ္ဘာမှာ ဒီတနေ့တာ
ဘာလိုသေးလဲ ဒီတနေ့တာ
၈.၈ မဂ္ဂါစကေးငလျင်နဲ့
မိသားစုကော်ဖီဝိုင်းကိုစတင်
သောက်စရာခေါင်းစဉ်ရပြီ
ရေးစရာကဗျာရပြီ
လွှင့်စရာသတင်းရပြီ
ဘလော့မှာ ပို့စ်အသစ်တင်စရာရပြီ
မျက်နှာစာအုပ်ကိုယ်စီမှာ
သင်တို့ကိုယ်ချင်းစာတရားနဲ့ဝမ်းနည်းကြောင်းသဝဏ်လွှာများကိုလည်း
ကြော်ငြာလို့ရပါပြီ။ ။

သစ်ကောင်းအိမ်
(၀၃. ၁၁. ၂၀၁၁)

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...