Thursday, January 6, 2011

ရောင်စုံမီးများလင်းလျှက်...။

တိမ်တွေဖွင့်ပြတဲ့ညနေခင်းအတိုင်း
အပျင်းကြီးတဲ့ငါဟာ
လမ်းမကိုမျှော်ငေးကြည့်…
ဘယ်တော့မှပြန်မလာတော့တဲ့ သောကြာနေ့များဆီ…
ဒါဟာ
ဗိုလ်အောင်ကျော်လမ်းမပေါ်မှာ
မီးနီဖြတ်မောင်းသွားတဲ့ နံပါတ်ပြားမတပ်ထားတဲ့ ကားတစ်စင်းလို့
ငြင်းခုန်စရာမလိုပဲ အလိုလို သိမှုဗေဒလို
ဘယ်အရာကို ဘယ်လောက်ထိမှန်ခွင့်ပြုမှလည်း…
ဘီယာပရိုမိုးရှင်းတွေနဲ့အပြိုင်
ငါတို့ ယိုင်နွဲ့သွားရတဲ့ စိတ်ထား…
ကြက်ခြေခတ်တွေများတဲ့အခါ
သက်သေပြချက်တွေကကော ဘာအသုံးဝင်ဦးမှာလည်း
သွေးထားတဲ့ဓားတွေကော တွေးထားတဲ့တရားတွေလည်း
ထက်မြက်ပါစေ…
အမှောင်စစ်စစ်ကြား..ရောင်စုံမီးများလင်းလျှက်…။


မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...