Wednesday, January 5, 2011

"မျောက်၊ကြွက် နှင့်ကပ္ပတိန်ဂျက်"

လောကကြီးမှာ...
တခါတလေ...
တချို့အကောင်တွေက...သစ်ကိုင်းလွတ်ရင်
ကဗျာရေးတယ်။
တချို့အကောင်တွေကတော့..အဲဒီကဗျာကို
ရှေ့သွားတွေနဲ့ နည်းနည်းချင်းကိုက်ဖြတ်စားသောက်တယ်။
တကယ်လို့...
အဲဒီလှေရဲ့ နံရံဟာ..နှစ်ဖက်မကဘူးဆိုရင်...
ကပ္ပတိန်ဂျက်..ဘာဆက်လုပ်မလဲ။
၂၀၁၁ ဟာ..ပွဲလမ်းသဘင်တွေဝတ်ရုံလို့
စိတ်လိုလက်ရ..မင်္ဂလာယူနေပါတော့တယ်။

(သရ)

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...