ရင်ထဲမှာ နှင်းတွေအထပ်လိုက်
ရှမ်းပြည်တောင်ပိုင်းကနေ
နယူးဂျာဆီအထိ…
ဒီဇင်ဘာ ၈ ကိုမေ့မရဘူး
ဒီဇင်ဘာက အမေနဲ့ရွာကလေးကိုချစ်တယ်
မြန်မာပြည်ကိုချစ်တယ်…
(မီးလာလည်းပျော်၊ ရေလာလည်းပျော်၊
အင်တာနက်ကော်နက်ရှင်ကောင်းလည်းပျော်
ဘလော့ကိုတိုက်ရိုက်ဝင်လို့ရလည်းပျော်…
ပျော်စရာကြီးပါပဲလို့)
သူဘ၀အပိုင်းအစထဲမှာ ဒီဇင်ဘာ ၈ ကထည့်ရေးတယ်
တောင်ပေါ်နှင်းငွေ့ငွေ့ကနေ့
သူ့စကားပြေကို ကျွန်တော်လှမ်းတွေ့ရတယ်
ကျွန်တော်တို့က စာအုပ်စာပေလူ့မိတ်ဆွေလို့
စကားပုံအတိုင်း သုံးနှုန်းခဲ့စဉ်မှာ…
သူက စာအုပ်တွေဟာ သူငယ်ချင်းတွေမရှိချိန်မှာ
သူငယ်ချင်းအစစ်တွေပေါ့တဲ့…
သူ့အရေးအသားလေးကို သဘောကျမိတယ်…
တစ်ခါတစ်လေ
ကလေးတစ်ယောက်လို…
တစ်ခါတစ်လေ ဇွတ်တရွတ်နဲ့
(စကား အများကြီး ပြောစရာမလိုပါဘူး....
နားထောင်သူကို တစ်ခါလောက်
သူ့ထင်မြင်ချက်လေး ပေးပြောဖို့ပဲ လိုတယ်။
နာမည် အရမ်းကြီးစရာ မလိုပါဘူး....
ကိုယ့်အတွက် ကျေနပ်နှစ်သိမ့်တဲ့
လွတ်လပ်မှု တစ်ခု ချန်ထားဖို့ပဲ လိုတယ်။)
ဒီဇင်ဘာ ၈ က အဲဒီလို တွေးခဲ့သေးတယ်
သူ့ကိုတွေ့ရင် လေထဲက သက်တံ့လို
အခု ဒီဇင်ဘာ ၈မှာတော့
မေတ္တာတရားတို့ပေါင်းစုရာ.. ထွက်လာတယ်
သူမ ပေးခဲ့တဲ့ လူဘ၀အတွက်လက်ဆောင်…
မှောင်နေတဲ့ နှလုံးသားတချို့အတွက်
သူမက မေတ္တာဆီမီးတွေထွန်းညှိုသူ…
ဒီဇင်ဘာ ၈ က ဘယ်တော့မှအိုမသွားဘူး..
အခုသူမ တစ်နှစ်ထပ်ကြီးမြင့် ရင့်ကျက်လာခဲ့ပြန်ပြီ….
တောင်ပေါ်နှင်းငွေ့ငွေ့ကနေ
သူမစာသားတွေကို လွမ်းမိပါတယ်
ဒီဇင်ဘာ ၈ ရေ…။
မိုးလှိုင်ည
Thursday, December 9, 2010
Subscribe to:
Post Comments (Atom)
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူတို့အဆုတ်၊ ထားခဲ့မြုပ်သည့် ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို ရွာသား ရွာသူ၊ မေးကြမြူသည် အူအူယမ်းငွေ့ထတုန်းတည်း။ အမောင်...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
သူ့ကိုကြည့်ပြန်တော့လဲ အဲဒီကကို မတက်တော့ဘူး ကိုယ်ရပ်နေသလိုလို သူသွားနေသလိုလို၊ မဟုတ်ဘူး ဘယ်သူမှ မသွားဘူး ဘယ်သူမှမရပ်ဘူး သွားတယ်ရပ်တယ်ဆိုတ...
No comments:
Post a Comment