Monday, December 6, 2010

ငါတစ်ယောက်တည်း

အခန်းလွတ်ထဲမှာ ငါ့ကိုယ်ငါ ခြွေချနေတယ်

ပြာတောင့်ရှည်တွေ ဆေးလိပ်ပြာခွက်ထဲမှာ

ဘာမှလုပ်စရာမရှိလည်း.. ဘာမှမလုပ်ပဲနေလိုရတဲ့အချိန်

စိတ်ရဲ့ ဒွိဟဖြစ်မှုတွေချည်းထိတွေ့

ဘယ်ကိုလှမ်းကွေ့ရမှာလည်း…

ပေါင်တံဖြူဖြူလေးအပေါ်မှာ

ကိလေသာတွေအသည်းအသန်ရှာမိတယ်

ဘာမှလည်းတပ်မက်စရာမရှိဘူး

လိင်မှုကိစ္စနဲ့ အရက်ကို သိပ်အရသာမတွေ့တော့ဘူး

ပြက္ခဒိန်ခင်းပြီး ခန္ဒာကိုယ်ကိုလှဲချလိုက်တယ်...

ဘေစင်ထဲ ရေဖွင့်ပြီး ခေါင်းနှစ်လိုက်တယ်

ဝက်အူလှည့်နဲ့ ကိုယ့်ဦးနှောက်ထဲကိုယ်လှည့်ဖွင့်ချင်တယ်

ဘီစကစ်နဲ့ သောက်ရေသန့်တွေအများကြီးကျန်သေးတယ်

သေဖို့

မနက်ဖြန်တွေမကုန်နိုင်ဘူးလား

အနည်းဆုံးတော့ ဒီအခန်းထဲမှာ ကြွက်စုတ်နောက်တစ်ကောင်

ရှိနေသင့်တယ်..

အသုံးမကျတဲ့ကြွက်နှစ်ကောင်

ဘ၀အဓိပ္ပါယ် အဓိပ္ပါယ်မရှိကိုက်ဖြတ်နေလို့ရတယ်

လူဆိုတာတစ်ယောက်တည်းနေလို့ ဘာလုပ်မလည်း

ခေါင်းမမူးချင်ဘူး တစ်ခါတည်းရူးသွားချင်တာ

အဲဒါမှ အရူးလို့သတ်မှတ်ခံရဦးမယ်

အခုတော့ လူဗလာသက်သက်

ဗလာစာရွက်ပေါ်လည်း ဘာမှချမရေးတတ်တော့ဘူး

ဘာကိုချစ်တတ်ရမှာလည်း တဖြည်းဖြည်းဆွေးမြေ့ပြိုကျ

ငါခန္ဒာကိုယ်ဟာ ခြစားနေတဲ့ အိမ်ပျက်ကြီးတစ်လုံး

အလဲလဲ..ပြိုကျဖို့

အပြိုပြိုပျက်နေတဲ့ အပျက်အဆီးတွေကြားထဲ

ငါ့ကို သွေးကြောထဲ မူးယစ်ဆေးနည်းနည်းထိုးပေး….။



မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...